ပန်းတနော် ၊ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများအကြောင်း သိရှိလိုက်နာ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းကို ကညင်ငူကျေးရွာအုပ်စု၊ ကုန်းပတ်တော်ကျေးရွာ၊ ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်ကြားမည် အကြောင်းအရာများကို ရှင်းလင်းပြောကြား၍ သင်တန်းအား စတင်သင်ကြားခဲ့ပြီး သင်တန်းသား (၂၀)ဦးအား (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment