မောက်မယ် ၊ မေ ၁၂
ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အစိုးရသစ်လက်ထက်ရက်(၁၀၀)ကာလ စျေးတန်းရပ်ကွက်အတွင်းရှိနေအိမ်များနှင့်ကုန်စုံဆိုင်များ မီးဘေးအန္တရာယ်မှကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိအား တစ်အိမ်တက်ဆင်းလိုက်လံ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်ကဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏နေအိမ်များ၊ ကုန်စုံဆိုင်များမီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စနစ်တကျရှိစေရေး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များနှင့် မီးသတ်ဆေးဘူးများ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးဖိုဆောင်အတွင်းမီးဘေးလုံခြုံမှုရှိစေရေး၊ မီးဖိုဆောင်သုံးပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရှိရန်၊ မိမိနေအိမ်ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သောအမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများစနစ်တကျသန့်ရှင်းရေးများပြုလုပ်ထားရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment