UFC-328 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဂျော့ရှုဝါဗန် ပါဝင်ထိုးသတ်ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်ခဲ့ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံက အလွယ်တကူကြည့်လို့ မရသည့်တိုင်အောင် ရသည့်နေရာကရှာကြည့်ပြီး မြန်မာပရိတ်သတ်တွေအားလုံးက ဗန်ကို အားပေးခဲ့ကြပါတယ်။
ပြိုင်ပွဲဟာ တကယ့်ကို ပြင်းထန်ပြီး သည်းထိတ်ရင်ဖို ရှိလှပါတယ်။ ဂျပန်ဖိုက်တာရဲ့ take down တွေကို ဗန်အနေနဲ့ မကာကွယ်နိုင်ခဲ့ဘူးဆိုရင် ပြိုင်ပွဲရဲ့ ရလဒ်ဟာ တမျိုးတဖုံဖြစ်နိုင်ပါတယ်။ ဗန်ဟာ ပြိုင်ဘက်ရဲ့ အားသာချက်ကို အကောင်းဆုံးခုခံကာကွယ်နိုင်သလို ကိုယ့်ရဲ့ အားသာချက်ကိုလည်း အထိရောက်ဆုံး အသုံးချနိုင်ခဲ့လို့ ဒီပွဲရလဒ်ဟာ ကောင်းမွန်ခဲ့ပါတယ်။
ဒီပွဲဟာ ဗန်ရဲ့ အရည်အချင်း အစစ်အမှန်ကို မျက်ဝါးထင်ထင် မြင်ရတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ ချန်ပီယံခါးပတ် နဲ့ ထိုက်တန်သူဆိုတာကို ပြသနိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ပန်တိုဂျာနဲ့ပွဲမှာ တချီအတွင်း အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တယ်။ ယခုပွဲမှာတော့ ငါးချီအထိ ထိုးသတ်ပြီးမှ အလဲထိုးအနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ဖိုက်တာကလည်း မာဂုဏ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဗန်ရဲ့ ထိုးချက်တွေ အဆက်မပြတ် ထိနေတာတောင် take down လုပ်ပြီး အနိုင်ယူဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ သူ့မှာတော့ လက်သီးကို အားကိုးအားထားပြုမှု အားနည်းပါတယ်။
ဗန်ကတော့ တကယ့်ကို အံ့သြလောက်ပါပေတယ်။ ပြိုင်ဘက်ကို လှလှပပ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ကြောက်ရွံ့ခြင်း ကင်းသော ဗန် သည် အစစ်အမှန် ချန်ပီယံဖြစ်ပါတယ်။
Photo - UFC
#MNP #News






No comments:
Post a Comment