အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၌ စိတ်ဓာတ်အင်အားကြံ့ခိုင်စေရန်နှင့် စိတ်ခွန်အားပေးခြင်း အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၌ စိတ်ဓာတ်အင်အားကြံ့ခိုင်စေရန်နှင့် စိတ်ခွန်အားပေးခြင်း အသိပညာပေးဟောပြောပွဲကျင်းပ




တာမွေ  ၊  မေ ၁၀

အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလှုပ်ရှားမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် စိတ်ဓာတ်အင်အားကြံ့ခိုင်စေရန်နှင့် စိတ်ခွန်အားပေးခြင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို မေ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးကုဆရာဝန် ဒေါက်တာနွေးနွေးလှိုင်က အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ နည်းပြများနှင့် အားကစားသမားများအား စိတ်ခွန်အားဖြစ်စေမည့်နည်းလမ်းများ မျှဝေပေးခြင်း၊ စိတ်ဖိစီးမှုများဖြစ်စေနိုင်သော အကြောင်းအရာများနှင့် စိတ်ဖိစီးမှုကို လျော့ကျနိုင်သောနည်းလမ်းများစသည်ဖြင့် စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) နှင့် တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်နှင့် စိတ်ကျန်းမာရေးဆိုင်ရာများကို ဟောပြောပေးခဲ့သည့် အထူးကုဆရာဝန် ဒေါက်တာနွေးနွေးလှိုင်တို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးနှင့် ဆရာ / ဆရာမများ၊ ကျောင်းသား / သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်

https://t.me/MyanmarNationalPost0

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)