ကျိုက်ထို၊ မေ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့၊ နံနက်ပိုင်းက ဖက္ကလိပ်ကျေးရွာရှိ ဖက္ကလိပ်ပရိယတ္တိစာသင်တိုက်ဝင်းရှိဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလှနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိုးလှ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာဦး တို့ လာရောက်ကြည့်ရူကြရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ စနစ်တကျ ပြုလုပ်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူများ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့အရောက် ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ နေ့စဉ်လိုက်လံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး
#MNP #News



No comments:
Post a Comment