မြို့သစ်မြို့နယ်တွင် ပထမရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ပထမရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

Uploading: 2235806 of 2235806 bytes uploaded.

မြို့သစ်   ၊ မေ  ၉

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကံဆွယ်ကျေးရွာအုပ်စု ကံကြီး(တ)ကျေးရွာသို့သွားရောက်၍  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းဆိုင်ရာများကိုပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများက ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားကာ ကံကြီး(တ) ကျေးရွာမှ အိမ်ခြေ(၈၅)လုံး၊ လူဦးရေ(၃၉၉)ဦးအတွက် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)