ပုဇွန်တောင်မြို့နယ်တွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဆားလင်းပရိယတ္တိစာသင်တိုက်သို့ ရေအခမဲ့ပေးဝေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဆားလင်းပရိယတ္တိစာသင်တိုက်သို့ ရေအခမဲ့ပေးဝေလှူဒါန်း




ပုဇွန်တောင်၊ မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲ ဖြစ်လျက်ရှိသည့် ပြည်သူများအား ရေပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေအခက်အခဲ ဖြစ်နေ သည့် အမှတ်(၆)ရပ်ကွက်၊ ဆားလင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ရေအခမဲ့ ပေးဝေလှူဒါန်းခဲ့သည်။

ထိုသို့ပေးဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် ဦးဆောင် ၍ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး နှင့်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ရေသယ်ယာဉ်ဖြင့် လတ်တလောသုံးရေ အခက်အခဲဖြစ်နေသည့် အမှတ်(၆)ရပ်ကွက်၊ ဆားလင်းပရိယတ္တိစာသင်တိုက်သို့ ရေဂါလံ(၁၆၀၀)ကို နေအိမ်များသို့ ရေရရှိရေးအတွက် အခမဲ့ကုသိုလ်ပြု ရေများပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)