မေ -၇ ( ကြာသပတေးနေ့ )
အမေရိကတိုက် ရဲ့ ကာရေဘီယံပင်လယ်အတွင်းမှာ ရှိတဲ့ အန်တီဂွာ နှင့် ဘာဘူဒါ ကျွန်းနိုင်ငံမှာ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ဗြိတိန်ဘုရင်အပေါ် သစ္စာခံမှုကို ပထမဆုံးအကြိမ် ဖယ်ရှားလိုက်ပါတယ်။ ပြန်လည်ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းမျဉ်းများအောက်မှာ အစိုးရသစ်က ကျမ်းသစ္စာကျိန်ဆိုမှု လုပ်ခဲ့တာပါ။
ကာရေဘီယံကျွန်းနှစ်ကျွန်းသည် ၁၉၈၁ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပေမဲ့ ဓနသဟာယနိုင်ငံအဖြစ် တွဲထားပြီး စည်းမျဉ်းခံဘုရင်စနစ်အဖြစ် ဆက်လက်တည်ရှိနေကာ ဗြိတိသျှအချုပ်အခြာအာဏာကို နိုင်ငံတော်အကြီးအကဲက ထမ်းဆောင်ခဲ့ရတာပါ။
အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းကို မနှစ်က နှစ်ကုန်မှာ ပါလီမန်မှ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်မှု အပြီးတွင် ဗြိတိန်ဘုရင် တတိယမြောက် ချားလ်ဘုရင် ရဲ့ အမွေဆက်ခံသူအဖြစ်နဲ့ သစ္စာခံကျမ်းကျိန်မှုမှ ဖယ်ရှားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြန်လည်ပြင်ဆင်ထားတဲ့ အသုံးအနှုန်းအောက်တွင် ယခုအခါ ရွေးကောက်ခံအရာရှိများက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ဥပဒေများကို အန်တီဂွါနှင့် ဘာဘူဒါတို့အပေါ် သစ္စာစောင့်သိကြောင်း ကတိပြုကြရတာပဲ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဂတ်စတွန်ဘရောင်နီ က ရွေးကောက်ပွဲကို လေးကြိမ်မြောက် ဆက်တိုက် အနိုင်ရပြီးနောက် ရက်ပိုင်းအကြာတွင် ၎င်းရဲ့ပါတီက အာဏာကို ဆယ်နှစ်ကျော်ကြာ ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများကြားတွင် လုပ်ပိုင်ခွင့် အသစ်တစ်ခုရယူရန် ဘရောင်နီက ရွေးကောက်ပွဲကို အချိန်ဇယားထက် နှစ်နှစ်နီးပါးစောပြီး ခေါ်ယူခဲ့ပါတယ်။ နိုင်ငံရဲ့ပါလီမန်လွှတ်တော် ၁၇ နေရာတွင် ၁၅ နေရာရရှိထားကာ အန်တီဂွာနှင့် ဘာဘူဒါ အလုပ်သမားပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
အန်တီဂွာ နဲ့ ဘာဘူဒါ နိုင်ငံက ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံအဖြစ် ဆက်ရှိနေပေမဲ့ နိုင်ငံရဲ့ အကြီးအကဲအခန်းကဏ္ဍကို ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ဓနသဟာယ နိုင်ငံပေါင်း ၅၆ နိုင်ငံတွင် ဆယ့်ငါးနိုင်ငံက ဗြိတိသျှဘုရင်ကို အချုပ်အခြာအာဏာပိုင်အဖြစ် အသိအမှတ်ပြုဆဲ ဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment