စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ရွှေတောင်မြို့နယ် ဒေသခံတောင်သူများနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ရွှေတောင်မြို့နယ် ဒေသခံတောင်သူများနှင့် တွေ့ဆုံ




ရွှေတောင်၊ မေ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာ၊ ကွင်းအမှတ် 421၊ မင်းရွာကွင်း၊ ရေဆင်းပေါ်ဆန်း - (၁) ၄၂ ဧကနှင့် ရေဆင်းပေါ်ဆန်း - (၂) ၂၀ ဧက စုစုပေါင်း (၆၂) ဧက မျိုးစေ့ထုတ်စိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက ရောက်ရှိကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းမှ တောင်သူများအား ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ဓာတ်မြေသြဇာအပြင် သဘာဝမြေသြဇာများပြုလုပ်သုံးစွဲရေး၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်း ထိခိုက်မှုမရှိစေရေးနှင့် စပါးအထွက်နှုန်းထိခိုက်မှုမရှိစေရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တောင်သူများသို့ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်၍ ရေဆင်းပေါ်ဆန်း - (၁) မျိုးစေ့ထုတ် စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)