မိုင်းယောင်း ၊ မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရက် ၁၀၀ စီမံချက်ဖြင့် ဝမ်ဘိုးအုပ်စု၊ ယမ်းလဲကျေးရွာ၌ အသိပညာပေးခြင်းနှင့် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာတို့၌ ကာကွယ်ဆေးထိုးနှံခြင်းများကို ကွင်းဆင်းဆောင်ရွက်သည်။ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ယမ်းလဲကျေးရွာ၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း၊ ခြံလှောင်စနစ် မွေးမြူခြင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးဆွေးနွေးသည်။ ထို့နောက် ရှေခင်ကျေးရွာ ဦးကျပီး နွားမွေးမြူရေးခြံ၌ မွေးမြူထားသော ဒေသနွားကောင်ရေ ၁၀၀ အား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment