ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်လျက်ရှိ




နေပြည်တော်၊ မေ ၁၂

အမေရိကန်၊ အစ္စရေးနှင့် အီရန် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် လောင်စာဆီဈေးနှုန်းများ ကမောက်ကမဖြစ်ပေါ်ခဲ့ပြီး မော်တော်ယာဉ်များ လောင်စာဆီသုံးစွဲမှု ခြွေတာနိုင်ရန် စုံ၊ မ စနစ်ဖြင့်လည်းကောင်း၊ သတ်မှတ်ချက်ဖြင့် ဖြန်ဖြူးရောင်းချမှုများကို ပြုလုပ်လျက်ရှိပြီး ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့က ရန်ကုန်လက်လီဈေးကွက်တွင် ၉၂ တစ်လီတာ (၄၅၁၅)ကျပ်၊ ၉၅ တစ်လီတာ (၄၆၇၀)၊ ဒီဇယ် ပရီမီယံ တစ်လီတာ (၅၂၇၅) ကျပ်အထိ ရှိခဲ့ရာမှ မေလ ဒုတိယအပတ်တွင် ၉၂ တစ်လီတာ (၄၅၀၀)ကျပ်၊ ၉၅ တစ်လီတာ (၄၆၅၀)၊ ဒီဇယ် ပရီမီယံ တစ်လီတာ (၅၀၅၀) ကျပ်နှုန်းဖြင့် တည်ငြိမ်လျက်ရှိသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယတွင် ဝန်ကြီးချုပ် မိုဒီကိုယ်တိုင်က စက်သုံးဆီစုံးစွဲမှု လျှော့ချရန်၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အသုံးပြုရန် ပြည်သူသို့ ပန်ကြားထားသည်။ ထိုင်းနိုင်ငံတွင်လည်း ဝန်ကြီးချုပ် အနုတင် က ထိုင်းအချင်းချင်း ကူညီစို့ ခေါင်းစဉ်ဖြင့် ရွှေ့လျားကုန်စုံဆိုင်ကို သုံးဘီးဆိုင်ကယ်ဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့သည်ကို တွေ့မြင်ရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)