မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့် ထုတ်ချေးရေးနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့် ထုတ်ချေးရေးနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်







ပေါင်၊ မေ  ၁၂

မွန်ပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံတော်၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၆ခုနှစ် ဧပြီလ (၂၀)ရက်နေ့မှ စတင်ဆောင်ရွက်မည့် အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင် Quick Win ရရှိမည့်အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးရေးနှင့် ၂၀၂၆မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ပြည်သူများဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေး  အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံတဲ့နိုင်ငံ ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro based Industry) ကိုတည်ဆောက်ရန်နှင့် နိုင်ငံ့စီးပွားအတွက် အဓိကကျတာဖြစ်ခြင်းကြောင့် အမှန်တကယ်ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ယုယုခိုင်မှ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊‌ ပေါင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ပေးအပ်ခဲ့ရာ တောင်သူဦးဝင်းဇော်မှ  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)