ရွှေစွဲလမ်းမှုကို လျှော့ချဖို့ မိုဒီက နိုင်ငံသားတွေကို တောင်းဆိုပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေစွဲလမ်းမှုကို လျှော့ချဖို့ မိုဒီက နိုင်ငံသားတွေကို တောင်းဆိုပြီ




မေ- ၁၂ ( အင်္ဂါနေ့ ) 

အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပေါ်လာပြီးချိန်မှာပဲ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ၎င်းရဲ့နိုင်ငံသားများအား ခြိုးခြံချွေတာတဲ့ အစီအမံများချမှတ်ရန် တိုက်တွန်းလိုက်ပါတယ်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုဖို့ ၊ အိမ်ကနေအလုပ်ကို သွားတာမှာ ကိုယ်ပိုင်ကားစီးသွားတာကို မလုပ်ဘဲ လောင်စာဆီချွေတာဖို့ တိုက်တွန်းခဲ့သလို အခြားသိသာထင်ရှားတဲ့ ကိစ္စကတော့ အိန္ဒိယလူမျိုးများရဲ့ စွဲလမ်းမှုတစ်ခုဖြစ်တဲ့ ရွှေဝယ်စုတဲ့ ကိစ္စကို လျှော့ချဖို့ကိုလည်း အကြံပြုထားပါတယ်။ 

အိန္ဒိယသားတွေ ရွှေကို မစွဲလမ်းဘူးဆိုရင် နိုင်ငံခြားကိုထွက်နေတဲ့ ဒေါ်လာတွေကို သိသိသာသာ လျှော့ချနိုင်မှာပါလို့ မိုဒီက အရိပ်အမြွက် ပြောကြားလာပါတယ်။ အိန္ဒိယသားတွေရဲ့ ရွှေဝယ်ယူမှုကို တားဆီးလိုက်နိုင်ရင် လူဦးရေ သန်း ၁၄၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ စီပွားရေးကို သက်ရောက်မှုကောင်း တစ်ခုဖြစ်လာလိမ့်မယ်လို့ မိုဒီက ရှု့မြင်နေပုံရပါတယ်။ နောက်ပြီး အဲ့ဒိလုပ်လိုက်တာက အိမ်ထောင်စုတစ်ခုချင်း၊ လူတစ်ဦးချင်းစီရဲ့ တိုက်ရိုက်ထိန်းချုပ်မှု တစ်ရပ်လည်း ဖြစ်သွားစေတာကြောင့် တိုင်းပြည်စီးပွားရေးအတွက် ခြေလှမ်းကောင်း တစ်ရပ်ဖြစ်တယ်လို့လည်း ရှုမြင်ထားပါတယ်။ 

၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေမှာ စုစုပေါင်း ကန်ဒေါ်လာ ၆၉၀ ဒသမ ၇ ဘီလီယံရှိကြောင်း အိန္ဒိယဗဟိုဘဏ်မှ ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလတုန်းက ၇၂၈ဘီလီယံ ရှိခဲ့တာမို့လို့ နိုင်ငံခြားငွေ အရန်ငွေကျဆင်းမှု ဖြစ်ပေါ်လာနေပါတယ်။ 

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အိန္ဒိယရဲ့ လက်ရှိစာရင်းလိုငွေပြမှု (CAD) က ယခုနှစ်တွင် ဒေါ်လာ ၈၄.၅ ဘီလီယံအထိ တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ အဓိကအကြောင်းရင်းက အိန္ဒိယရဲ့ ရွှေတင်သွင်းမှုကြောင့်လို့ ဆိုပါတယ်။ 

နိုင်ငံတစ်နိုင်ငံရဲ့ CAD ဆိုတာက သွင်းကုန်၊ ဝင်ငွေပေးချေမှုနှင့် လွှဲပြောင်းမှုများတွင် နိုင်ငံခြားငွေကို ပိုမိုသုံးစွဲသောအခါတွင် ဖြစ်ပေါ်လာသည့် ကွာဟချက်ဖြစ်ပါတယ်။ အိန္ဒိယသည် ရွှေအတွက် နိုင်ငံခြားငွေဖြင့် ပေးဆောင်ရသောကြောင့် ပို့ကုန်ဝင်ငွေကို မမြှင့်တင်ဘဲ သွင်းကုန်ထွက်ငွေ ကို မြှင့်တင်ခြင်းဖြစ်ပေါ်လာပြီး ရွှေတင်သွင်းမှု မြင့်မားလာခြင်းကြောင့် အိန္ဒိယရဲ့ ငွေစာရင်းလိုငွေကို ကျယ်စေပါတယ်။ 

အိန္ဒိယရဲ့ ရွှေတင်သွင်းမှုက ၂ဝ၂၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်းဒေါ်လာ ၇၂ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ်ကထက် ၂၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။ ကျယ်ပြန့်သော စာရင်းရှင်လိုငွေပြမှုက ရူပီးအပေါ် ဖိအားဖြစ်စေကာ ပြင်ပချေးငွေ လိုအပ်ချက်များကို မြှင့်တင်စေပြီး စီးပွားရေးကို ပိုမိုထိခိုက်လာစေနိုင်ပါတယ်။ 

အိန္ဒိယသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရွှေဝယ်ယူသူဖြစ်ပါတယ်။ တင်သွင်းသောရွှေ တစ်အောင်စတိုင်းအတွက် ငွေပေးချေမှုကို ဒေါ်လာဖြင့်ပြုလုပ်ပါတယ်။ အိန္ဒိယရဲ့ စုစုပေါင်း သွင်းကုန်ပမာဏ ကန်ဒေါ်လာ ၇၇၅ ဘီလီယံတွင်  ရေနံစိမ်း၊ ရွှေ၊ ဟင်းသီးဟင်းရွက်ဆီ နဲ့ ဓာတ်မြေသြဇာ ၄ မျိုးပေါင်းက တင်သွင်းမှု ရဲ့ သုံးပုံတစ်ပုံကျော် တန်ဖိုးရှိပါတယ်။ 

ရေနံစိမ်းသည် မရှိမဖြစ်လိုအပ်ပြီး အသုံးပြုမှုကို ပြင်းထန်စွာ ဖြတ်တောက်ခြင်းက ကမ္ဘာ့လူဦးရေအများဆုံး နေထိုင်ရာ နိုင်ငံတစ်ခုတွင် လက်တွေ့မကျပါဘူး။ ဟင်းသီးဟင်းရွက်ဆီများ (ဒေါ်လာ ၁၉.၅ ဘီလီယံ) နှင့် ဓာတ်မြေသြဇာ (ဒေါ်လာ ၁၄.၅ ဘီလီယံ) တို့ကလည်း စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးကြီးပါတယ်။ 

အဲ့ဒိမှာ အိန္ဒိယလူမျိုးများရဲ့ ရွှေကိုစွဲလမ်းမှုက ပြောစရာဖြစ်လာပါတယ်။ ဟင်းသီးဟင်းရွက်ဆီနှင့် ဓာတ်မြေသြဇာ တင်သွင်းမှု ပေါင်းစပ်တန်ဖိုး၏ နှစ်ဆနီးပါးဖြစ်သော ဒေါ်လာ ၇၂ ဘီလီယံခန့်ရှိသော ရွှေတင်သွင်းမှုကို လျှော့ချခြင်းဖြင့် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားငွေပိုင်ဆိုင်မှု တိုးမြှင့်လာနိုင်မှာပဲ ဖြစ်ပါတယ်။ 

အိန္ဒိယသားတွေအတွက် ရွှေ ဆိုတာက ငွေစာရင်းရှင်းတမ်းတစ်ခုထက် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့ အတွက်ပဲဖြစ်ပါတယ်။ သူတို့က ရင်းနှီးမြုပ်နှံမှု လုပ်တယ်ဆိုတဲ့ ရွေးချယ်မှုထဲကို မရောက်သေးပါဘူး။ မင်္ဂလာဆောင်မှာ လက်ဆောင်ပေးဖို့ထက် ပိုပြီး မသာသေးပါဘူး။ ဒါကြောင့် ဝန်ကြီးချုပ် မိုဒီက သူ့နိုင်ငံသားတွေ ရွှေစွဲလမ်းမှုကို လျှော့စေချင်တဲ့ သဘောနဲ့ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)