ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်(၅)ဦးအား သောင်းသောင်းဖြဖြကြိုဆို၍ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်(၅)ဦးအား သောင်းသောင်းဖြဖြကြိုဆို၍ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ






ကြံခင်း၊ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁)နှင့် အ.ထ.က(ဘက်ရဲ)တို့မှ သုံးထပ်ကွမ်းလူရည်ချွန်၊ နှစ်ထပ်ကွမ်းလူရည်ချွန်နှင့် လူရည်ချွန် (၅)ဦးအား တာဝန်ရှိသူများက သောင်းသောင်း ဖြဖြကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသည်။

ဦးစွာ လူရည်ချွန်လေ့လာရေးစခန်းငါးခုမှ ပြန်လည်‌ရောက်ရှိလာကြသော အ.ထ.က(၁)မှ သုံးထပ်ကွမ်း လူရည်ချွန် မအိမ့်ချစ်သဲ Grade-12၊ နှစ်ထပ်ကွမ်းလူရည်ချွန် မခွန်းချိုသာဇော် Grade-11 နှင့် လူရည်ချွန် မောင်သာခန့်ညီ Grade-10၊ အ.ထ.က(ဘက်ရဲ) နှစ်ထပ်ကွမ်းလူရည်ချွန် မယောဟဏီသွင် Grade-10နှင့် လူရည်ချွန် မဆုရတီထွန်း Grade-9 တို့အား ဘက်ရဲမြို့မှ ကြံခင်းမြို့ အထိ လှည့်လည်ဂုဏ်ပြုခံကြပြီးနောက်  အ.ထ.က(၁) ဘင်ခရာအဖွဲ့မှဦးဆောင်၍ ဗိုလ်ချုပ်လမ်း နှင့် မဟာဘောဂလမ်း တစ်လျှောက်မှ ဧရာဦးခန်းမအထိ လမ်းတစ်လျှောက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်အမျိုးမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများက အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများ ဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ထို့နောက် ဂုဏ်ပြုကြိုပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်ကနိုင်ငံတော်အစိုးရသည် နိုင်ငံ၏အဓိကစွမ်းအားစုဖြစ်သည့် ကျောင်းသား လူငယ် များကို ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန် ပြည့်ဝရေး၊ တိုင်းချစ် ပြည်ချစ်စိတ်များရှိပြီး အမျိုးဂုဏ် ၊ ဇာတိဂုဏ် စောင့်ရှောက် ထိန်းသိမ်းလိုစိတ်များ ရင့်သန်လာစေရေး မိမိနိုင်ငံ၏ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ ဖြစ်ထွန်းလာစေရန်အတွက် လူရည်ချွန် စီမံကိန်းအပါအဝင် ဘက်စုံပညာရေးကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ကြောင်း၊  ကြံခင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန် (၆)ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၅)ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (၇)ဦး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် (၅)ဦး နှစ်စဉ်ပေါ်ထွန်း ခဲ့တဲ့အတွက် အထူးပင်ဝမ်းမြောက်မိပါကြကြောင်း၊ ယခုလူရည်ချွန် ရရှိသော ကျောင်းသား၊ ကျောင်းသူ များကို စံနမူနာယူ၍ ကြိုးပမ်းအားထုတ်နိုင်ရေး ကျောင်းသား/သူများကို တိုက်တွန်း နှိုးဆော်ပါကြောင်း ပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး တို့က ဂုဏ်ပြုစကားများ အသီးသီး ပြောကြားကြသည်။ 

ဆက်လက်၍ သုံးထပ်ကွမ်းလူရည်ချွန်၊ နှစ်ထပ်ကွမ်း လူရည်ချွန်နှင့် လူရည်ချွန် (၅)ဦးအား ကျောက်တိုင်ကျောင်းတိုက်ဆရာတော်နှင့် လဲဝါကျောင်းတိုက်ဆရာတော်တို့က တစ်ဦးလျှင် ငွေကျပ် ၂ သိန်းစီဂုဏ်ပြုပေးအပ်ပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက  ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် သုံးထပ်ကွမ်း လူရည်ချွန် မအိမ့်ချစ်သဲက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားပြီး လူရည်ချွန် မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)