ပေါင်၊ မေ ၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သောက်သုံးရေ အခက်အခဲဖြစ်လျက်ရှိသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက သောက်သုံးရေလှူဒါန်းမှုပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို နှင့်သန္ဓေ၊ အရန်တပ်ဖွဲ့ဝင် တို့မှ သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သောက်ရေရှားပါးသော ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာအုပ်စု၊ ကျားဘိုကျေးရွာအုပ်စု၊ အလှပ်ကျေးရွာအုပ်စုများသို့ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၅) စီး စုစုပေါင်း ရေဂါလံ (၇၆၀၀)အား ကျေးရွာရှိသောက်သုံးရေလိုအပ်လျက်ရှိသောနေအိမ်များသို့ အိမ်တိုင်ရာရောက် သောက်သုံးရေများ (အခမဲ့) လှူဒါန်းပေးခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရပ်ကွက်/ကျေးရွာများတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့် ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများမှ သွားရောက်၍ ရေများ အခမဲ့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်သည့် ပြည်သူမျာအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
#MNP #News





No comments:
Post a Comment