မြစ်ဆုံစီမံကိန်းကို ဖျက်ဆီးရန် ကြံနေကြသူများ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ဆုံစီမံကိန်းကို ဖျက်ဆီးရန် ကြံနေကြသူများ


မြန်မာနိုင်ငံသား ပြည်သူများကြားမှာ မြစ်ဆုံစီမံကိန်းဆိုတာကို ကြားဖူးနားဝ ရှိနေကြမှာပါ။ ဒီစီမံကိန်းကြီးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကတည်းက အစပျိုးခဲ့ပြီး ကနဦးသဘောတူ ညှိနှိုင်းမှုတွေ လုပ်ခဲ့တဲ့ တိုင်းပြည်အတွက် ကောင်းကျိုးများစေမယ့် စီမံကိန်းကြီး တစ်ခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ အစပျိုးခဲ့ပေမယ့် စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်မယ့် အချိန်မှာ အနောက်အုပ်စုရဲ့ သြဇာခံ အဖျက်သမားတွေက ပြည်သူလူထုကြား မဟုတ်မမှန် သတင်းစကားတွေနဲ့ အကြောက်တရားတွေ ဖန်တီးပြောဆိုခဲ့တာကြောင့် ပြည်သူလူထုကြားမှာ သို့လော သို့လောနဲ့ အကြောက်တရားတွေ ဖြစ်ပေါ်လာပြီး စီမံကိန်းကို ကန့်ကွက်တာတွေ၊ ဆန့်ကျင်တာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါက အမှန်တရားကို ပြောခြင်း ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ စာရေးသူ သတင်းထောက်ပေါက်စ အရွယ်က စီမံကိန်းပျက်ပြားအောင် ဟောပြောတဲ့ ပွဲတွေကို လိုက်ပါ သတင်းရယူခဲ့ဖူးပါတယ်။ ဒီစီမံကိန်းကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်သူတွေထဲမှာ ပညာရှင်အမည်ခံ အနောက်အုပ်စုရဲ့ ကျွန်တွေ အာဘောင်အာရင်းသံသံနဲ့ အကြောက်တရားတွေ၊ မဟုတ်တန်းတရားတွေ ဖန်တီးဟောပြောခဲ့တာကို စာရေးသူကိုယ်တိုင်လည်း နာယောင်ခဲ့ဖူးပါတယ်။ သံယောင်လိုက်ခဲ့ဖူးတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်ပါတယ်။

သို့သော် တိုင်းပြည်ရဲ့ ပကတိလိုအပ်ချက်နဲ့ သူတို့ရဲ့ လုပ်ရပ်ဟာ တော်တော်ကို ကွဲလွဲနေပါတယ်။ သူတို့တွေရဲ့ ဟောပြောမှုတွေမှာတော့ သဘာဝကိုပဲ သူတို့တွေက အလွန်အမင်း ချစ်မြတ်နိုးနေသလိုလို၊ မြစ်ဆုံ ရေကာတာကြီး ဆောက်လုပ်ရင်ပဲ သဘာဝတွေ အလွန်အမင်း ပျက်စီးပြီး ဒေသခံပြည်သူတွေ အတိဒုက္ခရောက်တော့မှာလိုလို၊ ဒီရေကာတာကြီးက စစ်ကိုင်းငလျင်ကျောပေါ်မှာ ရှိနေတဲ့အတွက်ကြောင့်ပဲ ချက်ချင်းလက်ငင်း ပျက်စီးပြီး မြစ်ကြီးနားကို ရေလွှမ်းမိုးသွားတော့မှာ ဆိုတာမျိုး အကြောက်တရားတွေ အလွန်အမင်း ပြောဆိုပြီး ပြည်သူလူထု အထင်အမြင်လွဲမှားအောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

တကယ်တော့ အဲဒီလို ဦးဆောင်ကန့်ကွက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံး က အနောက်အုပ်စုရဲ့ စပွန်ဆာကို ဝေစားမျှစား လုပ်ထားကြသူတွေချည်း ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးထွန်းလွင်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဂျူး၊ ကျော်သူ၊ ဇီးကွက်မ တို့ ဦးဆောင်ပြီး အခြားသော အနောက်အုပ်စုရဲ့ လက်ပါးစေ NGO တွေနဲ့ လုပ်စား နိုင်ငံရေးသမားတစ်စုလည်း အတူတကွ ပူးပေါင်းပါဝင်ပြီး ဒီစီမံကိန်းကြီး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ဆောင်ပြီး ကိုယ်ကျိုးရှာခဲ့ကြတာ ဖြစ်ပါတယ်။

ရလာဒ်အားဖြင့် မြန်မာပြည်သူများမှာတော့ ခေတ်အဆက်ဆက် လျှပ်စစ်မီးလုံလုံလောက်လောက် မရ၊ အမှောင်ထဲမှာ ဒေါသတွေနဲ့ အိပ်စက်နေရဆဲ အခြေအနေဖြစ်ပါတယ်။ မြန်မာပြည်သူတွေမှာလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတဲ့ အချက်တစ်ခုက မိမိတို့ လိုအပ်တာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် လိုအပ်တယ်။ မိမိတို့ရဲ့ နေ့စဉ် လူမှုဘဝအတွက် လျှပ်စစ်လိုအပ်တယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်တဲ့ စီမံကိန်းတွေကိုတော့ လုပ်စား လူတစ်စုရဲ့ စကားတွေကို နားယောင်ပြီး ကန့်ကွက်ကြတယ်။ မီးမလာ၊ မီးပျက်တော့ အစိုးရကို ဆဲနေကြတယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်တဲ့ စီမံကိန်းတွေကို ဘာကြောင့် ကန့်ကွက်နေကြတာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ကန့်ကွက်နေကြတာလဲ။ နှောက်ယှက် ကန့်ကွက်သူနေသူတွေရဲ့ နောက်ကွယ်က လက်မဲကြီးတွေက ဘယ်သူတွေလဲ။ ပြန်လည်စဉ်းစား ဆင်ခြင် သုံးသပ်ကြဖို့ပဲ ဖြစ်ပါတယ်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ လုပ်စားလူတစ်စုရဲ့ အကြောက်တရားနဲ့ အမုန်းတရားဖြန့်ဝေမှုတွေကိုစိုးရိမ်ပြီး ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းခဲ့တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာပြန်တော့လည်း ဒီစီမံကိန်းကို စနစ်တကျ စိစစ်ပြီး လုပ်ဆောင်သင့်ရင် လုပ်ဆောင်သွားမယ့်ဆိုတဲ့ အပြောမျိုး ဒေါ်အောင်ဆန်းစုကြည်က ပြောလာတဲ့အခါ ဒီစီမံကိန်းကို ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ လုပ်စားအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပစ်မှတ်ထား ပြောဆိုမှုတွေ လုပ်လာခဲ့တယ်။ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, VOA, RFA, DVB တို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဆန်းစစ်ကြည့်ရင် မြစ်ဆုံစီမံကိန်း ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေသူတွေရဲ့ ရပ်တည်ချက်ကို သိမြင်နိုင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုကြီး ကျူးလွန်တာကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ကာလမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မြစ်ဆုံစီမံကိန်းသာ သတ်မှတ်ကာလအတွင်း ပြီးမြောက်ခဲ့မယ်ဆိုရင် ယနေ့အချိန်မှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ဖြစ်တော့မှာ မဟုတ်ဘူး။ စီမံကိန်းအကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် ယနေ့အချိန်အထိ ပြည်သူတွေ အမှောင်ထဲမှာ နေရတာကို ဝမ်းနည်းချင်းကြီးစွာ ပြောခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာပဲ မြစ်ဆုံဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မတီကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပါတယ်။

အဖျက်သမားတွေကတော့ မြစ်ဆုံစီမံကိန်းအသံကြားတာနဲ့ သူတို့လုပ်နေကျပုံစံအတိုင်း ပေါက်ပန်းစေးတွေ ပြောပြီး ပြည်သူကို နားမုဒိန်းကျင့်ကြတော့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မရိုးနိုင်တဲ့စကားတွေကတော့ အထက်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို နှောက်ယှက်သူတွေဟာ အမေရိကန် သို့မဟုတ် ဥရောပနိုင်ငံတွေက အထောက်အပံ့ကောင်းတွေ ရထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ရဲ့ နေ့စဉ်လူမှုဘဝ အခက်အခဲ ပြေလည်သွားမှာကို မလိုလားဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာကို မလိုလားဘူး။ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှာကို မလိုလားတဲ့ တိုင်းပြည်တွေရဲ့ အထောက်အပံ့ကို ယူတယ်။ သူတို့ ကိုယ်ကျိုးအတွက် ပြည်သူတစ်ရပ်လုံးကို မမှန်ကန်တဲ့ မက်ဆေ့တွေ ဖြန့်ဝေတယ်။

စီမံကိန်းကြီးတစ်ခု တည်ဆောက်တယ်ဆိုတာ ရင်းနှီးမတည်ငွေ အမြောက်အများ အကုန်အကျခံပြီး လုပ်ဆောင်ရတာ ဖြစ်လို့ သူတို့ပြောသလောက်တော့ လွယ်လွယ်နဲ့ ပျက်စီးအောင် ဘယ်လိုရင်းနှီးမြှုပ်နှံသူကမှ မလုပ်ပါဘူး။ နောက်တစ်ချက် ဒီစီမံကိန်းကြီးဟာ ငလျင်ကျောပေါ်မှာ ရှိနေတယ်ဆိုတဲ့ ခြောက်လုံးကို ပြန်လည်ထောက်ရှုကြည့်ရင် မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံးဆိုတဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့မှာ ဆိုးရွားစွာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နေပြည်တော်၊ မန္တလေးဝန်းကျင်မှာ ရေကာတာတွေ၊ ဆည်တွေ ရှိပါတယ်။ ဘယ်အရာမှ ဆိုးရွားစွာ ပျက်စီးမှု မဖြစ်ခဲ့ပါဘူး။ ပြန်လည်ထောက်ရှုကြည့်ရင် အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန် အစရှိတဲ့ တိုင်းပြည်တွေမှာ လျှပ်စစ်ဓာတ်အား အမြောက်အများ ထုတ်လုပ်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေ ရှိပါတယ်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အမြဲမပြတ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေတာဖြစ်လို့ ပျက်စီးသွားတယ်ဆိုတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းဟာလည်း လွတ်လပ်ရေးခေတ်ဦးကတည်းက တည်ဆောက်ခဲ့တာ ဖြစ်လို့ ကြာပဲ ကြာလှပါပြီ။ နှစ်ပေါင်း ၇၀ ကျော် ကြာသည့်တိုင်အောင် မပျက်စီးသေးပါဘူး။ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် လုပ်နေပါတယ်။ နစကအစိုးရလက်ထက်မှာတော့ နီပိန်း အဖျက်သမားတွေက ဖျက်ဆီးလို့ လျှပ်စစ်ဓာတ်အား တာဝါတိုင်တွေ ပျက်စီးခဲ့တာက လွဲရင် အခြားသော ကြီးမားတဲ့ ပျက်စီးမှု မရှိသေးပါဘူး။

အခု ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ရွေးကောက်ခံ အစိုးရလက်ထက်မှာ မြစ်ဆုံစီမံကိန်းဟာ အလားအလာရှိတဲ့ စီမံကိန်းတစ်ခုအဖြစ် မြင်လာရပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဒေသခံ ပြည်သူများ၊ လူမှုအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတာကို တွေ့မြင်ရပါတယ်။ ပြည်သူလူထုက လက်ခံတဲ့ အခြေအနေကို ရောက်ရှိသွားမှာ စိုးရိမ်ကြောက်ရွံ့နေတာကတော့ အနောက်အုပ်စုရဲ့ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေပါပဲ။

ပြည်သူများလည်း သတိပြုမိကြမယ်ထင်ပါတယ်။ ISP Myanmar အုပ်စုဟာ မြန်မာ - တရုတ် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်မပြတ် စောင့်ကြည့်လေ့လာပြီး အပြုသဘောမဆန်တဲ့ လုပ်ကြံဖန်တီးရေးသားမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။ မြစ်ဆုံစီမံကိန်း ပြန်လည်အသက်ဝင်လာချိန်မှာ "မလူးသာ မလွန့်သာ မြစ်ဧရာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေထားတာကို သတိပြုမိကြပါလိမ့်မယ်။ ဒီစီမံကိန်းသည် အများပြည်သူကောင်းကျိုးဖြစ်စေမယ့် စီမံကိန်းဖြစ်သည့်တိုင်အောင် စီမံကိန်းကို ဖော်ဆောင်သူနဲ့ ပူးပေါင်းဆောင်ရွက်သူများအပေါ် အထင်အမြင်လွဲမှားစေမယ့် လုပ်ကြံဖန်တီး ရေးသားမှုမျိုး ဖြစ်ပါတယ်။

ပြည်သူများကိုတော့ မိမိတို့ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ မြန်မာ - တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေကို အစဉ်မပြတ် ထောက်ရှုဝေဖန်နေကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများဟာ အနောက်အုပ်စုရဲ့ အထောက်အပံ့နဲ့ ရပ်တည်လှုပ်ရှားနေသူတွေ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် သူတို့ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ပြီး ပြည်သူတစ်ရပ်လုံးကို ဆင်းရဲတွင်းထဲ တွန်းချနေသူတွေ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းတွေကို အနောက်အုပ်စုရဲ့ အထောက်အပံ့နဲ့ နှောက်ယှက်သူတွေမှာ ကြီးပွားချမ်းသာလာပြီး ပြည်သူတွေမှာ ဆင်းရဲတွင်းနက်နေရတယ်။ အဲဒီလို အဖျက်သမားတွေရဲ့ စကားတွေကို နှစ်ပေါင်းများစွာ နားယောင်ခဲ့ကြလို့ ဆင်းရဲတွင်း သံသရာထဲက ရုန်းမထွက်နိုင် ဖြစ်နေကြရပါတယ်။

ဒါတွေကို နားလည်ပြီး နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်နေတဲ့ ကိစ္စများမှာ အများပြည်သူ ကောင်းကျိုးဖြစ်စေမယ့် စီမံကိန်းများကို နှောက်ယှက်ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း မည်သူ့ကိုမဆို ပြည်သူများက ပြတ်ပြတ်သားသား ကန့်ကွက်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ ရဲ့ မျိုးဆက်များ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေကို ရောက်ဖို့ဆိုရင် အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ 

နစကအစိုးရလက်ထက်မှာပဲ ဘီလူးချောင်းရေအားလျှပ်စစ်က ပေးတဲ့ လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်တွေကို နီပိန်း အကြမ်းဖက်သမားများ၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများက ဖျက်ဆီးခြင်းကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှာ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်လျက်ရှိတဲ့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဟာဆိုရင်လည်း ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေတဲ့ အခြေအနေမှာ AA အကြမ်းဖက်အဖွဲ့ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကနေ ဒေသခံပြည်သူ (၁)သန်းကျော် ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ AA အကြမ်းဖက်အဖွဲ့ ဝင်ရောက်ဖျက်ဆီးခြင်းကြောင့် ဒေသခံပြည်သူများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ခြင်း မရှိတော့သည့်အပြင် ဒေသခံပြည်သူများ စစ်ဘေးစစ်ဒဏ်ခံနေရပါတယ်။

ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်တဲ့နေရာမှာ ပြည်သူတွေဟာ အဓိကကျတယ်လို့ ပညာရှိများက ဆိုမိန့်ခဲ့ကြပါတယ်။ ဘယ်လိုနေရာမှာ အဓိကကျတာလဲလို့ မေးရင် အကောင်း၊ အဆိုး (အကြောင်း၊ အကျိုး) ကို မှန်ကန်စွာ ခွဲခြားသိမြင်နားလည်တဲ့ စွမ်းရည် ရှိနေမှသာ တိုင်းရေးပြည်ရာ ကိစ္စများကို မှန်ကန်စွာ သိမြင်နားလည်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်စွမ်းရည် နည်းပါးလွန်းရင် အဖျက်သမား ဂျင်းကောင်တွေရဲ့ စကားကို နားယောင်ပြီး အမှားကို အမှန်ထင်၊ အမှန်နဲ့ အမှားကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိဘဲ လမ်းမှားကို ရောက်တတ်ပါတယ်။ လတ်သလော ပြည်ပြေး ဝရမ်းပြေး CRPH, NUG ဆိုတဲ့ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေရဲ့ စကားကို နားယောင်ပြီး နိုင်ငံဝန်ထမ်းပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ရသလို လူငယ်များစွာ ဆုံးရှုံးခဲ့ရတဲ့ အခြေအနေကို ပြန်လည်ထောက်ရှုကြည့်ရင် ပြည်ဖျက်မိစ္ဆာတွေရဲ့ အန္တရာယ် ကြီးမားပုံကို ဆက်စပ် စဉ်းစားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မြစ်ဆုံစီမံကိန်းကြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေ၊ ပြည်သူများ အမှောင်ခွင်း၍ အလင်းတွေ့ပါစေ။ 


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)