ဂျာမနီစစ်တပ်က လူငယ် ၂သိန်းကို စစ်တပ်ထဲဝင်ဖို့ ဖိတ်ခေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျာမနီစစ်တပ်က လူငယ် ၂သိန်းကို စစ်တပ်ထဲဝင်ဖို့ ဖိတ်ခေါ်


မေ - ၅ (အင်္ဂါနေ့ )

ဂျာမန်စစ်တပ်က ဇန်နဝါရီ ၁၅ ရက်မှ ဧပြီလ ၂၄ ရက်အတွင်း လူငယ်၂သိန်းခန့်ကို စစ်တပ်ထဲဝင်ဖို့ လျှောက်လွှာဖောင် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်အရွယ်ရောက်ပြီး အမျိုးသားတိုင်းအနေနဲ့ အဲ့ဒိလျှောက်လွှာကို ဖြည့်စွက်ပြီး ဥပဒေအသစ်အရ ဖြစ်နိုင်ခြေရှိတဲ့ စစ်မှုထမ်းရန် စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ 

လျှောက်လွှာကို လူငယ် ၁၉၄,၀၀၀ ခန့်ထံ စစ်တပ်က ပို့ထားပေမဲ့ လူငယ်တွေရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တိတိကျကျ မရသေးကြောင်း  ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကဆိုပါတယ်။ 

လျှောက်လွှာနဲ့ အတူ လူငယ်တွေကို ပြန်လည်ဖြေကြားဖို့ မေးခွန်းလွှာပါရှိပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ ကျန်းမာရေးနှင့် ပညာရေး အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ့ စစ်တပ်တွင် ပါဝင်လိုခြင်း ရှိ၊ မရှိ ကိုလည်း မေးမြန်းထားပါတယ်။ စိတ်ပါဝင်စားမှုပြသသူများကတော့ မိမိတို့ နှစ်သက်ရာဌာနခွဲ နဲ့  ဝန်ဆောင်မှုကြာချိန်ကို ခြောက်လမှ ခြောက်နှစ်ကျော်အထိ ရွေးချယ်ရန် တောင်းဆိုထားပါတယ်။ 

အမျိုးသမီးများလည်း ဖောင်ဖြည့်နိုင်ပေမဲ့ ယမန်နှစ်နှောင်းပိုင်းတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော စစ်မှုထမ်းခေတ်မီရေး ဥပဒေအောက်တွင် မလိုဘူးလို့ သိရပါတယ်။ အဆိုပါဥပဒေသည် တပ်ဖွဲ့ဝင် ၁၈၆,၀၀၀ မှ ၂၆၀,၀၀၀ သို့ တိုးမြှင့်ရန် ဘာလင်မှ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ပြီး ၂၀၃၀ကျော်သွားလျှင် အရန်တပ်သား ၂သိန်း ထားရှိဖို့အတွက် ရည်ရွယ်ထားပါတယ်။ 

ဘာဗာရီယားပြည်နယ်ခေါင်းဆောင် မာကတ်စ် ဆိုဒါ အပါအဝင် ဂျာမန်နိုင်ငံရေးသမားအချို့က မူကြမ်းကို ပြန်လည်ပြင်ဆင်ရေးအတွက် ငြင်းခုံနေပါတယ်။ အစိုးရ၏ အစီအမံများကို မတ်လအစောပိုင်းတွင် ဆန္ဒပြရန် ကျောင်းသားထောင်ပေါင်းများစွာက ဘာလင်မြို့၌ ချီတက်ဆန္ဒပြခဲ့ကြပြီး လူငယ်များမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)