မေ - ၅ ( အင်္ဂါနေ့ )
အမေရိကန် ဗဟိုဌာနချုပ် (CENTCOM) အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူပါး က အမေရိကန် စစ်တပ်အနေနဲ့ ဟော်မုဇ် ရေလက်ကြားထဲမှာ ကုန်တင်သင်္ဘောများကို ခြိမ်းခြောက်နေတယ်လို့ ယူဆရတဲ့ အသေးစား အီရန် ရေတပ်တပ်ဖွဲ့ကို ဖယ်ရှားခဲ့ကြောင်း တနင်္လာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေတဲ့ ရေနံတင်သင်္ဘောများနဲ့ အခြားသင်္ဘောများကို စောင့်ကြပ်ရန် တနင်္ဂနွေနေ့တုန်းက ကြေညာခဲ့ပါတယ်။ အဲ့ဒိစီမံကိန်း Project Freedom ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရေလက်ကြားထဲမှာရှိတဲ့ အီရန်လက်နက်ကိုင်လှေတွေကို ရှင်းလင်းပစ်တာပဲ ဖြစ်ပါတယ်။
“အီရန်တိုက်ခိုက်ရေးသင်္ဘော အများအပြား နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပြောဆိုချက်ဟာ လိမ်ညာမှုပါပဲ”လို့ အီရန် စစ်ဘက် အကြီးတန်း အရာရှိတစ်ဦးက IRIB သတင်းဌာနသို့ မနေ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်တိုက်ခိုက်ရေး ရဟတ်ယာဉ်များ က ရေလက်ကြားအတွင်းနဲ့ အနီးတစ်ဝိုက်တွင် အနည်းဆုံး အီရန်တိုက်ခိုက်ရေးလှေ ခြောက်စင်းကို နစ်မြုပ်ခဲ့ကြောင်း CENTCOM တပ်မှူးက အခိုင်အမာ ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့အစောပိုင်းက ဟော်မုဇ်ရေလက်ကြားအနီးရှိ အမေရိကန်ရေတပ် ကင်းလှည့်သင်္ဘောတစ်စင်းကို အီရန်စစ်တပ်က တိုက်ခိုက်မိခဲ့ကြောင်း အီရန် Fars သတင်းအေဂျင်စီက ဖော်ပြခဲ့ပေမဲ့ CENTCOM ဘက်ကတော့ အမေရိကန် ရေတပ်သင်္ဘောများကို ဘယ်သူကမှ တိုက်ခိုက်မှု မရှိခဲ့ကြောင်းပြောခဲ့ပါတယ်။
အမေရိကန်တွေရဲ့ Project Freedom စီမံကိန်းက သူတို့အတွက် သေကြောင်းကြံနေတဲ့ စီမံကိန်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တွင်းထဲဆွဲပြီး မြုပ်သလိုမျိုးဖြစ်နေတယ်။ ကိုယ့်ကို မကောင်းကြံနေတဲ့သူတွေက ကိုယ့်ကိုသေတွင်းထဲကို တွန်းပို့နေတာကို လက်ခံနေသလိုဖြစ်နေတယ်ဆိုတာကို သတိထားမိဖို့လိုပြီ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂချီက ၎င်းရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment