မော်လူး၊ မေ ၅
KIA/PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထိန်းချုပ်ထားသည့် မော်လူးမြို့ကို တပ်မတော်က ယနေ့ (၅-၅-၂၀၂၆)ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းထုတ်ပြီး အလုံးစုံပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်အဖွဲ့များ အခြေပြုစိုးမိုးထားသည့် မြို့နယ်များကို ဆက်တိုက်ဆိုသလို ရှင်းလင်းဆောင်ရွက်လျက်ရှိပြီး တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ဖလမ်းမြို့နယ်များတွင်လည်း အောင်မြင်မှုများ ဆက်တိုက် ရရှိနေသည်။
တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည် ဆောင်ရွက်နိုင်ရေး၊ ဒေသခံပြည်သူများ စနစ်တကျ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေး ကိစ္စများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
#MNP #News








No comments:
Post a Comment