မြိတ်၊ မေ ၅
ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်အဖွဲ့အတွင်း ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့် PDF အကြမ်းဖက်အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း အခမ်းအနားကို ၅-၅-၂၀၂၆ ရက်နေ့နံနက်ပိုင်း က ကမ်းရိုးတန်းတိုင်းဒေသတိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ဦး၊ ပေါင်း ၆ ဦး၊ သေနတ် ၂လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ အလင်းဝင်ရောက်လာခြင်း ဖြစ်သဖြင့် တာဝန်ရှိသူများက လက်နက်ခဲယမ်းများအတွက် သတ်မှတ်တန်ဖိုးအလိုက် ဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး သီးခြားထောက်ပံ့ပစ္စည်းများလည်း ပေးအပ်သည်။
အနယ်နယ်အရပ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသော PDF အပါအဝင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှ လူငယ်များသည် နိုင်ငံတော်အစိုးရ၏ သဘောထား၊ တပ်မတော်၏ သဘောထားကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လျက်ရှိရာ အဖွဲ့အစည်းပေါင်းစုံမှ အဖွဲ့ဝင် (၄၅၀၀) ခန့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြပြီဖြစ်သည်။
အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များအနေဖြင့် လူငယ်များကို အကြမ်းဖက်လုပ်ရပ်များအတွက် ခိုင်းစေနေပြီး အစားအစာ ဝအောင် မကျွေးနိုင်ခြင်း၊ အမျိုးသမီးများကို ခြေတော်တင် စော်ကားသော လုပ်ရပ်များ ဖြစ်ပေါ်လာပြီးနောက် လူငယ်များမှာ အသိမှန်၊ အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။
#MNP #News





No comments:
Post a Comment