MGM-05 Miss Grand Tachileik 2026 အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization က ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

MGM-05 Miss Grand Tachileik 2026 အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization က ထုတ်ပြန်




ရန်ကုန်၊ မေ ၅

Miss Grand Myanmar Organization က သီလရှင်ဝတ်စုံဖြင့် မဖွယ်မရာ တင်ဆက်ခဲ့သည့် MGM-05 Miss Grand Tachileik 2026 အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် ကျွန်ုပ်တို့သည် Miss Grand Myanmar ပွဲစဉ်ကြီးကို ကျင်းပရာတွင် မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများ အားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ကြောင်း ဦးစွာ ပြောကြားလိုပါကြောင်း၊ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များအား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ကြောင်း၊ ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ရာတွင် မေလ ၃ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၄ ရက်နေ့ ညနေ ၃ နာရီတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ Full Rehearsal ပြုလုပ်ရာ ထိုသို့သော Performance လုံးဝ မပါဝင်ကြောင်း ပြိုင်ပွဲဝင်အလှမယ်များ၊ Staff များ၊ Production Crew များ အားလုံး မျက်မြင်ဖြစ်ပါကြောင်း ဖော်ပြထားသည်။

ယခုဖြစ်ပေါ်နေသော တာချီလိတ်အလှမယ်ကိစ္စနှင့် ပတ်သက်၍ Full Rehearsal နှစ်ကြိမ်လုံးတွင် ယခုကဲ့သို့ Performance ကြိုတင် ပြသထားခြင်း မရှိခြင်း၊ မည်သည့် Supervisor, Admin တာဝန်ရှိသူများကိုမှ ထိုအစီအစဉ်အား အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင် အကြောင်းကြားထားမှု မရှိခြင်း၊ စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုခြင်း၊ မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။

မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ဖြစ်ပေါ်သွားခြင်းအတွက် MGM Organization မှ ထပ်မံ အနူးအညွတ် တောင်းပန်ပါကြောင်းနှင့် နောက်နောင် ဤကဲ့သို့ ဖြစ်ရပ်မျိုး လုံးဝ မဖြစ်စေရတော့ကြောင်း အာမခံ ပြောဆိုထားသည်။ 


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)