ချောက်မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

 

Uploading: 2927501 of 2927501 bytes uploaded.

ချောက်   ၊ မေ ၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီမှ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ရပ်ကွက်များတွင် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ခြင်းအား အမှတ်(၂)ရပ်ကွက် အလယ်ဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီအချိန် ဆောင်ရွက်သည်။

ထို့နောက် အမှတ်(၂)ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ဆောင်ရွက်ခြင်းအား ကြီးကြပ်ရွေးချယ်ပေးရန် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီဖြစ်သော ချောက်မြို့နယ် အမှတ်(၂)ရပ်ကွက်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်တို့က ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် သိရှိရန်အချက်များကို ရှင်းလင်းပြောကြားပြီးနောက် အမှတ်(၂)ရပ်ကွက်မှကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်မှုအား ကြီးကြပ်ရွေးချယ်၍ မြို့နယ်၊ရပ်ကွက်အဆင့်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူးရွေးချယ်ခြင်း၊ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)