ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန၏ သက်ကြီးပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန၏ သက်ကြီးပူဇော်ပွဲ ကျင်းပ


ပခုက္ကူ   ၊မေ ၅

၂၀၂၆ခုနှစ်၊ မေလ၅ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးဇော်မျိုးအောင်၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ စုပေါင်း၍ အငြိမ်းစားမီးသတ်ဝန်ထမ်းများအား ပူဇော်ကန်တော့ပြီး အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

အလာတူ မေလ ၃ ရက်နေ့က ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွား ၂၁ ဦးတို့အား အာဟာရဒါနကျွေးမွေးခြင်း၊ ဘိုးဘွားရိပ်သာဝန်း အတွင်း/အပြင်တို့အား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းစသည်ဖြင့် နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)