ကွန်ဟိန်း ၊ မေ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီက စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များမှ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment