တောင်ကြီး ၊ မေ ၂
ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် မေလ(၁)ရက် မနက်ပိုင်းက ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာန ပြည်နယ်၊ ဒေသ၊ ခရိုင်၊ မြို့နယ်ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြောင်းသိရသည်။
ဦးစွာ အခမ်းနားသို့တက်ရောက်လာကြသည့် ပြည်နယ်ဦးစီးမှူး၊ ဒေသ၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများကတစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက နိုင်ငံတော်သမ္မတနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြေစာရင်းဦးစီးဌာနသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံးထိတွေ့ ဆက်ဆံရသည့်ဌာနဖြစ်သည့်အတွက် မိဘပြည်သူများကို အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကိုကောင်းမွန်စွာ သိရှိနားလည်ပီး တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်ဝင်းက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို power point ဖြင့်ရှင်းလင်းပြောကြားရာ ပြည်နယ်ဝန်ကြီးကလိုအပ်သည်များကို ဖြည့်ဆည်းမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့် တောင်ကြီးမြို့နယ် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ ကြည့်ရှုစစ်ဆေး၍တာဝန်ရှိသူတစ်ဦး၏ တင်ပြမှုများအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment