ပြည်ပြေး တွေရဲ့ လိမ္မာပါးနပ်မှုကို အတုယူကြစမ်းပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး တွေရဲ့ လိမ္မာပါးနပ်မှုကို အတုယူကြစမ်းပါ


မြန်မာပြည်ဟာ နိုင်ငံရေးကျိန်စာသင့် နိုင်ငံဖြစ်နေသလားလို့ တွေးဆမိပါတယ်။ အာရှနိုင်ငံများမှာ သူ့ကျွန်ဘဝ ရောက်ခဲ့သည့် နိုင်ငံချင်းအတူတူ၊ အရှေ့တောင်အာရှမှာ ကျားဖြစ်လာမယ့်လို့ ထင်ကြေးပေးခံရတဲ့ နိုင်ငံ တစ်နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သွားရတယ်။ ဘာကြောင့်လဲ ဒေသတွင်း နိုင်ငံတွေမှာ သူပုန်မရှိဘူး။ နိုင်ငံရေးအရ အတိုက်အခံအင်အားစုများပဲ ရှိတယ်။ လက်နက်ကိုင်ပြီး တိုင်းပြည်ရဲ့ သယံဇာတတွေ ခိုးထုတ်ပြီး ကိုယ်ကျိုးရှာတဲ့အဖွဲ့ နည်းပါတယ်။ မြန်မာပြည်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့တွေကလည်း အလွန်များ၊ ပြည်သူလူထုကို ခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်စားသူက အလွန်များပါတယ်။

ပြည်သူလူထုက လေးစားယုံကြည်ပါတယ်ဆိုတဲ့ NLD ပါတီ ဦးဆောင်သူများကို သာဓကထားပြီး စမ်းစစ်ကြည့်ပါ။ ပြည်သူတွေမှာတော့ဖြင့် ဗိုလ်ချုပ်သမီး ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးယုံကြည်ကြတယ်။ ချီးမြှင့် မြှောက်စားကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အကြောင်းပြုပြီး ပြည်သူလူထုအကျိုးကို ရှေးရှုဆောင်ရွက်ခြင်း မရှိဘဲ အာဏာရမ္မက်ထခဲ့တယ်။ အာဏာရမ္မက်ထတဲ့နေရာမှာ နိုင်ငံရေးနည်းနဲ့ အာဏာရမ္မက်ထခြင်းမျိုးနဲ့ မတင်းတိမ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက် ထမိန်နားခိုပြီး နိုင်ငံရေးလုပ်စားတဲ့ကောင်တွေ၊ ကောင်မတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရှိန်အဝါကို အသုံးချပြီး မသိနားမလည်တဲ့ လူငယ်တွေကို အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်သည်အထိ တွန်းပို့သွားခဲ့ကြတယ်။

နိုင်ငံရေး သူငယ်နာမစင်တဲ့ နီပိန်း အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံဝန်ထမ်းများ သေခဲ့ရ၊ နီပိန်း အကြမ်းဖက်သမားတွေကို နှိမ်နင်းပြန်တော့လည်း နီပိန်း အကြမ်းဖက်သမားတွေ သေကြရ။ အားလုံးက မြန်မာပြည်သူတွေပါ၊ မြန်မာပြည်အတွက် ဆုံးရှုံးမှုပါ။ 

ပြည်ပြေးဝရမ်းပြေးတွေမှာတော့ ပြည်သူလူထုကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဆွေးနွေး ပြောဆိုဖို့ မရှိပါဘူး။ သူတို့ရဲ့ နိုင်ငံရေးအတ္တအတွက် တပ်မတော်ကို အပြုတ်တိုက်ဖို့ လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး KIA, KNU, KNPP တို့နဲ့ ပူးပေါင်းကာ မြန်မာပြည်မှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးတဲ့ ကိုယ့်ပြည်သူအချင်းချင်း ရန်လိုအမုန်းထားပြီး သတ်ဖြတ်ခိုင်းတဲ့ အကြမ်းဖက်လှုပ်ရှားမှုကြီးကို ယုတ်မာရိုင်းစိုင်း ရက်စက်စွာ လုပ်ခဲ့ကြတာကို မျက်မြင်ဒိဋ္ဌ ကိုယ်တွေ့ကြုံခဲ့ကြရပြီး ဖြစ်ပါတယ်။

လူငယ်တွေကို အကြမ်းဖက်သမားများဖြစ်အောင် လှုံ့ဆော်ခဲ့ကြတဲ့ ၈၈ က မင်းကိုနိုင်၊ NLD ပါတီက အောင်ကြည်ညွန့်၊ ရည်မွန်၊ လွင်ကိုလတ်၊ ဇင်မာအောင်၊ ဝင်းမြတ်အေး၊ မန်းဝင်းခိုင်သန်း အစရှိသော ပုဂ္ဂိုလ်များ၊ ဘယ်နေရာမှာမ ဘောင်မဝင်တဲ့ မျိုးရန်နောင်သိန်း၊ နေဘုန်းလတ် တို့လို ကောင်တွေက အကြမ်းဖက်လှုံ့ဆော်တဲ့ နေရာကြတော့ ဆရာကြီးတွေ ဖြစ်လာပြန်ရော၊ လုပ်စားလော်ဘီ အပျံမ ပန်ဆယ်လို အပါအဝင် ခွက်ခေါက်သူများ အားလုံးကို ကြည့်လိုက်ရင် အကြမ်းဖက်လှုပ်ရှားမှုတွေ ဖြစ်အောင် လှုံ့ဆော်ခဲ့တာ သူတို့၊ အကြမ်းဖက်လှုပ်ရှားမှုထဲမှာ သူတို့ကိုယ်တိုင် ပါဝင်သလားလို့ မေးရင် လူငယ်တွေကို KIA, KNU လက်ထဲ တွန်းပို့ပြီးတာနဲ့ ပြည်ပကို အလျှိုလျှို ထွက်ပြေးသွားခဲ့ကြပါတယ်။ အမေရိကန်ကို အစောဆုံးထွက်ပြေးတဲ့ မင်းကိုနိုင် (ခ) ခေါကြီး ဆိုတဲ့ ကောင်က သူကိုယ်တိုင်ပဲ တိုက်ပွဲဝင်နေသယောင် ပြောက်ကျားဝတ်စုံကြီးဝတ်ပြီး ဟန်ရေးပြရတာ အမော။ မကြာခဏ ဆိုသလို ခွက်ခေါက်သူတွေထံက မျိုးရန်နောင်သိန်းက လိမ်သွားလို့၊ အပျံမ နဲ့ စင်ကာပူ ကြက်ကြီး က အလှူငွေကိစ္စ ရန်တွေဖြစ်ကြတယ်။ အကြမ်းဖက်လှုံ့ဆော်မှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ အာဇာနည်၊ ချမ်းချမ်း၊ မင်းမော်ကွန်း (ခ) ကြွက်သွား တို့က အနယ်နယ်အရပ်ကို လှည့်လည်ဖျော်ဖြေပြီး အလှူတွေခံနေကြတာလည်း တွေ့ရမယ်။

သူတို့တွေ ခွက်ခေါက်လို့ ရတဲ့ မြောက်များလှစွာသော ငွေကြေးတွေ နီပိန်း ပဒက်တွေဆီကို ရောက်သလားဆိုတော့ သူတို့တွေ ဝေစားမျှစား ပိုတာလောက်လေးကို နီပိန်း ပဒက်လေးတွေဆီပို့၊ အလှူခံလို့ ကောင်းအောင် နီပိန်း ပဒက်တွေကို ထောက်ပံ့နေကြောင်း လှိုင်းပေါ်မှာ ပလူပျံအောင် ဖြန့်ဝေကြတယ်။ နောက်ဆုံးတော့လည်း ဘယ်သူ့ ဘယ်သူမှ စာရင်းစစ်လို့မရ။ ပန်ဆယ်လို က အမေရိကန်မှာ အိမ်ဝယ်သွားပြီ၊ အောင်ကြည်ညွန့်ကလည်း အိမ်ဝယ်သွားပြီ၊ တင်ထူးအောင် တို့က ပရဟိတအဖွဲ့မျိုးစုံ အမည်ခံပြီး ငွေတွေ ခိုးလိုက်ပြီ။ ဒီသတင်းတွေပဲ ဖုံးမနိုင် ဖိမရ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာလည်း NLD လွှတ်တော်အမတ်ဟောင်းတွေကပဲ ရသမျှငွေကြေးကို ခြယ်လှယ်တယ်။ နီပိန်း ပဒက်လေးတွေကို ခွေးလို နွားလိုထားတယ်။ ထမင်းတောင် ဝအောင်မကျွေးနိုင်ဘဲ မူးယစ်ဆေးကျွေးပြီး လူနဲ့မတန်အောင် အကြမ်းဖက်သမားများအဖြစ် ခိုင်းစေနေတာတွေကို တွေ့မြင်လာကြတယ်။ ကာယကံရှင်ဖြစ်တဲ့ နီပိန်း ပဒက်လေးတွေ အသိဆုံးပေါ့။

သည်းမခံနိုင်တော့တဲ့အဆုံး ပဒက်လေးတွေ ဥပဒေဘောင်အတွင်း ဝင်လာကြတယ်။ ပြည်ပြေး ဝရမ်းပြေးတွေ က ပဒက်လေးတွေ တပ်မတော်နဲ့ ပူးပေါင်းသွားတာကို ဘယ်လိုလားလိမ့်မလဲ။ တကယ်တမ်း ဥပဒေဘာင်အတွင်း ဝင်ရောက်လာတဲ့ ပဒက်တွေရဲ့ ရင်ဖွင့်သံစဉ်တွေကို ကြားရတဲ့အခါကြတော့ ဒီလူငယ်တွေကို PDF အဖွဲ့ထဲ ရောက်အောင် လိမ်ညာဖျားယောင်းပြီး ခေါ်သွားတာတွေလည်း အများကြီး ရှိတယ်။ PDF အဖွဲ့အတွင်းမှာ ခေါင်းဆောင်တွေက ငွေကြေးကို သူတို့ကိုယ်ကျိုးအတွက် အသုံးချ၊ အပျော်အပါး လိုက်စားကြပြီး ပဒက်လေးတွေမှာတော့ ထမင်းတောင် ဝအောင်မစားရတဲ့ အခြေအနေတွေ ကြားသိရတယ်။ မိန်းကလေးတွေကို ခြေတော်တင်တဲ့ ပြဿနာတွေလည်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ပါတယ်။

အခုဆိုရင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် နယ်မြေစုံမှာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ လေးထောင်နီးပါးတော့ ရှိသွားပါပြီ။ PDF အဖွဲ့တွေထဲမှာ ကျန်နေသေးသူတွေလည်း ရှိပါတယ်။ 

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေအနေနဲ့ကတော့ မိမိတို့ရဲ့ လုပ်ရပ်ကြောင့် အများပြည်သူ မနစ်နာရတော့ဘူး။ မိမိတို့ကိုယ်တိုင်လည်း မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်နိုင်ပြီဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့များထဲမှာ ကျန်နေသေးတဲ့ လူငယ်တွေကတော့ ဆက်ပြီး မိုက်သွေးကြွလိုသူတွေလည်း ရှိမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရုန်းထွက်လို့ မရသေးဘဲ ဖြစ်နေတာလည်း ရှိနိုင်ပါတယ်။

အထူးအားဖြင့် PDF အကြမ်းဖက်အဖွဲ့များထဲမှာ ကျန်နေသေးတဲ့ လူငယ်များအနေနဲ့ မှန်ကန်စွာ ပြန်လည်သုံးသပ်ကြဖို့က ညီငယ်၊ ညီမငယ်တို့ကို ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်တဲ့ ပြည်ပြေးတွေက ပြည်ပနိုင်ငံများမှာ သူတို့သားသမီးတွေကို ကျောင်းထားကြတယ်။ တချို့ဆို ဘွဲ့တွေတောင် ယူပြီးကြပြီ။ သူတို့ သားသမီးတွေကို မှဲ့တစ်ပေါက်တောင် အစွန်းမခံဘဲ ပြည်တွင်းမှာ ရှိတဲ့ ညီငယ်၊ ညီမငယ်တွေကိုကြတော့ သေတွင်းထဲ တွန်းပို့နေကြတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကိုတောင် ပြစ်တင် ပြောဆိုနေကြတာမျိုး တွေ့ရလိမ့်မယ်။

ညီငယ်၊ ညီမငယ် တို့ လေးစားပါတယ်ဆိုတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ ဦးဦး၊ ဒေါ်ဒေါ်များကို မေးကြည့်ကြပါလား။ "ဦးဦး၊ ဒေါ်ဒေါ် တို့က ကျွန်တော်တို့ကိုတော့ ကျောင်းမတက်နဲ့ ကျောင်းထွက်၊ ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့ သားသမီးတွေကိုကြတော့ ကျောင်းတစ်နှစ်တောင် အပျက်ခံဘူး။ ဦးဦး၊ ဒေါ်ဒေါ်တို့က ကျွန်တော်တို့ကို အကြောင်းပြုပြီး ရတဲ့အလှူငွေတွေနဲ့ ကြီးပွားချမ်းသာနေကြတယ်။ ပြည်ပနိုင်ငံတွေမှာတောင် အိမ်တွေဝယ်၊ ခြံတွေဝယ်နေကြပြီ။ ကျွန်တော်တို့မှာတော့ နေ့စဉ် ထမင်းဝအောင်တောင် မစားရဘူး။ ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့ ဦးဆောင်မှု ဆိုတာ ဘာလဲ။ ဦးဦး၊ ဒေါ်ဒေါ် တို့က လေလှိုင်းပေါ်က တိုက်ပွဲဝင်ပြီး ကျွန်တော်တို့ကိုတော့ မြေပြင်မှာ ဘာလို့ အသေခံခိုင်းနေတာလဲ။ ဦးဦး၊ ဒေါ်ဒေါ်တို့လိုပဲ လေလှိုင်းပေါ်ကနေပဲ တိုက်ပွဲဝင်လို့ မရဘူးလား။ ကျွန်တော်တို့လည်း ပင်ပန်းလွန်းပြီဖြစ်လို့ မိသားစုများနဲ့အတူ မြန်မာပြည်ထဲ ပြန်ခိုးဝင်ပြီး တစ်လလောက် တိုက်ပွဲဝင်ပေးပါလား" လို့ တောင်းဆိုကြည့်ပါလား။

မင်းကိုနိုင် ပြန်လာမလား၊ အောင်ကြည်ညွန့် မိသားစု ပြန်လာမလား။ လင်းလင်း၊ ချစ်သုဝေ တို့ မိသားစု ပြန်လာမလား။

ဒီအခြေအနေတွေကို ဆက်စပ်စဉ်းစားပြီး လူငယ်များအနေနဲ့ ဆင်ကန်းတောတိုး ဆက်မမိုက်ကြပါနဲ့တော့။ ကိုယ့်ပြည်သူအချင်းချင်း သတ်ဖြတ်ပြီး ဂုဏ်မဆာချင်ကြပါနဲ့တော့။ ပြည်ပြေးတွေကို နမူနာယူ၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေမှာ ယမ်းငွေ့တောင် မသမ်းဘဲ ကိုယ်ကျိုးရှာသွားကြတာကို ဥပမာပြုပါ။ မိမိတို့သည် နိုင်ငံအရေးကို စိတ်ဝင်စားတယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားများ ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကိုသာ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

စာရေးသူ အကျဉ်းထောင်ကျစဉ်က တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ မေတ္တာဖြင့်ဘဝနေနည်း စာအုပ်ကို ဖတ်ခဲ့ရတယ်။ အဲဒီအထဲမှာ ဆရာတော်ကြီးက ကံ နဲ့ ကြမ္မာကို ခွဲခြားပြီး ရှင်းပြပါတယ်။ ကံဆိုတာ ကောင်းတဲ့ဘက်ကို ဦးတည်တဲ့ သဘောရှိတယ်။ ကြမ္မာဆိုတာကတော့ မကောင်းတဲ့ဘက်ကို ဦးတည်တဲ့ သဘောရှိတယ်။ အရပ်ထဲမှာ ပြောကြတဲ့ စကားကို အခြေခံပြီးတော့ပဲ ကြမ္မာငင်တယ်ဆိုတာ ဘေးဒုက္ခကြုံရတယ်။ အတိဒုက္ခရောက်တာကို ရည်ညွှန်းတယ်။ ဒါကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ စကားဟာ ကိုယ့်ဒုက္ခ ကိုယ်ဖန်တီးမယ် ဆိုတဲ့ သဘောမျိုး သက်ရောက်ကြောင်း ရှင်းလင်း မိန့်ကြားထားပါတယ်။ နိုင်ငံရေးသမားတွေက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်လို့ ကြွေးကြော်နေတာလည်း ကောင်းတဲ့ဘက်ကို ဦးတည်ခြင်း မဟုတ်ကြောင်း ဆရာတော်ကြီးက ရှင်းပြထားပါတယ်။

ဒါကို ဖတ်ပြီး စာရေးသူအနေနဲ့ အတွေးနယ်ချဲ့ကြည့်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကလည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်လို့ ပြောကြတယ်။ နိုင်ငံရေးသမားတချို့ကလည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် လို့ ပြောကြတယ်။ ပြည်သူတွေက သံယောင်လိုက်ပြီး ပြောကြတယ်။ ဆရာတော်ကြီး ဟောကြားမှုနဲ့ မြန်မာပြည်က ထပ်တူကျသလို ဖြစ်နေတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ စကားလုံး ကျိန်စာလို့ ပြောရမလား။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကြောင့်လည်း ပြည်သူတွေမှာ ကောင်းကျိုးမရ၊ ဘေးဒုက္ခတွေသာ ကြုံတွေ့ခံစားနေရတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်လို့ လက်သီးလက်မောင်းတန်းပြီး ပြောနေတဲ့ နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်ကြောင့်လည်း တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်လာတာ မရှိဘူး။ အဲဒီတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ စကားဟာ ဟစ်ကြွေးလို့ ကောင်းရင် ကောင်းနေလိမ့်မယ်။ ကောင်းကျိုးတော့ မရှိဘူးလို့ နားလည်ကြစေချင်ပါတယ်။ ကိုယ့်ကံ ကိုယ်ဖန်တီးကြပါ။ တစ်ဦးချင်း တစ်ယောက်ချင်း ကောင်းကျိုးချမ်းသာ ရဖို့၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကျိန်စာသင့် စကားတစ်လုံးနဲ့ အတိဒုက္ခတွေ မရောက်ချင်ကြပါနဲ့တော့။ 

ယခုဆိုရင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိပြီဖြစ်လို့ နိုင်ငံတော်အစိုးရကလည်း ရက်(၁၀၀) စီမံကိန်းနဲ့ PDF အဖွဲ့ထဲက လူငယ်တွေ ဥပဒေဘောင်အတွင်း ဝင်ကြဖို့ ဖိတ်ခေါ်ထားတယ်။ ဥပဘောင်အတွင်း ဝင်ရောက်လာသူတွေကိုလည်း နွေးထွေးစွာ ကြိုဆိုလက်ခံပြီး ထောက်ပံ့မှုတွေ ပေးနေတယ်။ အဓိပ္ပာယ်မဲ့ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ နိုင်ငံသူ နိုင်ငံသားများရဲ့ ကောင်းကျိုးကို ရှေးရှုပြီး ဆောင်ရွက်ကြရမယ့်ကာလ ဖြစ်ပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)