မင်းဘူး ၊ မေ ၂
မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောင်ရွက်နေသည့် ဆိုလာရေတင်စီမံကိန်းသစ်များ ဆောင်ရွက်နေမှုအခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးခင်ဇော်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်မည့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့် ဆောင်ရွက်မည့် ကြေးချေ၊ ဆူးပန်း၊ သုံးထောင့် ဆိုလာရေတင်စီမံကိန်း(၃)ခု အကျိုးပြုဧကပေါင်း (၆၀၀)နှင့် ဧရာဝတီမြစ်မှ ဆိုလာစနစ်ဖြင့်ရေတင်ပြီး အကျိုးပြုဧကပေါင်း (၄၂၀၀)ကို စိုက်ပျိုးရေပေးဝေမည့် လျှပ်စစ် မြစ်ရေတင်စီမံကိန်း(၄)ခု ဖြစ်သည့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ပိုက်သင်ဆို လာရေတင်၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ လက်ပံ၊ လက်ပံငူ ဆိုလာရေတင်နှင့် မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ပဌနဂိုရ် စသည့် ဆိုလာရေတင်စီမံကိန်း လုပ်ငန်းခွင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများအားလုံး သတ်မှတ်ထားသော ဒီဇိုင်းပုံစံများအတိုင်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မှီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာနယ်မြေများအလိုက် တောင်သူများအတွက် စိုက်ပျိုးရေ အပြည့်အဝ ပေးဝေနိုင်အောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဒေသတွင်း စိုက်ပျိုးရေရရှိရေး လိုအပ်ချက်တင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)
https://t.me/MyanmarNationalPost
No comments:
Post a Comment