မေ - ၂၁ ( ကြာသပတေးနေ့ )
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် အကြီးတန်းတပ်မှူးများ အပါအဝင် စစ်သွေးကြွ ၁၇၅ ဦးထက် မနည်းကို နိုင်ဂျီးရီးယားနှင့် အမေရိကန် တပ်ဖွဲ့များရဲ့ ပူးပေါင်းစစ်ဆင်ရေးက သုတ်သင်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
အနောက်အာဖရိက အိုင်အက်စ် (ISWAP) တိုက်ခိုက်ရေးသမားများရဲ့ တိုက်ခိုက်မှုများ၊ လက်နက်များ၊ စစ်ဆေးရေးဂိတ်များ နဲ့ ဒေသအနှံ့ ငွေကြေးကွန်ရက်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ အမေရိကန် အာဖရိက စစ်ဌာနချုပ် (AFRICOM) က အဆိုပါ စစ်ဆင်ရေးကို အတည်ပြုခဲ့ပြီး အမေရိကန် သို့မဟုတ် နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီအကြမ်းဖက်သမားတွေကို ဖယ်ရှားလိုက်ခြင်းက အမေရိကန်နဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်တဲ့ တိုက်ခိုက်မှုတွေကို စီစဉ်နိုင်တဲ့ အဖွဲ့ရဲ့စွမ်းရည်ပါ”လို့ AFRICOM ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အူဘာ က “ISWAP ရဲ့ အကြီးတန်းခေါင်းဆောင်များထဲမှ အယ်လ်မန်ဂါဝီ နဲ့ မီဒီယာအဖွဲ့ကို ဦးဆောင်သူ အယ်လမ်မူဟာဂျား တို့လည်း သေဆုံးခဲ့ကြောင်း ဆိုပါတယ်။
REF: RT
#MNP #News



No comments:
Post a Comment