မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာ၌ မြစိမ်းရောင်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာ၌ မြစိမ်းရောင်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး


မိုးညှင်း  ၊ မေ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းနှင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အဆင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ၊ အတိုးနှုန်းကာလသတ်မှတ်ချက်များ၊ ကြွေးကျန်များ မဖြစ်ပေါ်စေရေးအတွက် ကော်မတီဝင်များမှ အလေးထားဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပုံစံ (၇)မျိုးရေးသွင်းထားရှိမှုနှင့် ချေးငွေများဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သူ(၃၂)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၃)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၄)ဦး၊ အသက်မွေးကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၄)ဦးနှင့် ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦး စုစုပေါင်းအသင်းသား အသင်းသူ (၉၄)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ် (၆၃၃)သိန်းကို အတိုးနှုန်းသက်သာစွာဖြင့် အရင်းမပျောက်လည်ပတ် ရန်ပုံငွေများအား ထုတ်ချေးပေးထားကြောင်း သိရသည်။

ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)