မေ - ၁၇ (တနင်္ဂနွေနေ့)
ရွှေ့ပြောင်း ဆန့်ကျင်ရေး လူထုစုဝေးပွဲအတွက် လန်ဒန်မြို့လယ်တွင် လူစုလူဝေး အများအပြား စုပုံလာနေကြပါတယ်။ စနေနေ့က ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေတဲ့ ဗီဒီယိုနှင့် ဓာတ်ပုံများတွင် ယူနီယံဂျက်အလံများ၊ လက်ဝါးကပ်တိုင်များ နဲ့ အခြားခရစ်ယာန်သင်္ကေတများ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူများက ဗြိတိန်မြို့တော်ရဲ့လမ်းမများပေါ်တွင် ချီတက်လာခဲ့ကြပါတယ်။
ဒေသခံ မီဒီယာတွေက လူ ၅သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နက်ခ်ဘာနေ့ အထိမ်းအမှတ်အဖြစ် ပါလက်စတိုင်းလိုလားတဲ့ ချီတက်ဆန္ဒပြပွဲ အကြီးစားနောက်ထပ် ဆန္ဒပြပွဲတစ်ခုကလည်း လန်ဒန်မြို့ပေါ်မှာ ချီတက်လာလို့ လန်ဒန်မြို့မှာ အများပြည်သူ တည်ငြိမ်အေးချမ်းစေရန်အတွက် ရဲတပ်ဖွဲ့ဝင် ၄,၀၀၀ ခန့်ကို တပ်ဖြန့် ချထားခဲ့ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဆန္ဒပြပွဲနှစ်ခုလုံးက စနေနေ့မွန်းလွဲပိုင်းတွင် ပြီးဆုံးသွားပြီးနောက် နာရီအနည်းငယ်အကြာတွင် အာဏာပိုင်များက စုစုပေါင်းဖမ်းဆီးမှု ၄၃ မှု ပြုလုပ်ခဲ့ကြောင်း အိတ်စ်ဆိုရှယ်မီဒီယာအကောင့်တွင် ရေးတင်ခဲ့ပါတယ်။ စုဝေးမှုနှစ်ခုလုံးက “ထူးခြားသောဖြစ်ရပ်မရှိဘဲ ကြီးကြီးမားမား ဆက်လက်ဖြစ်ပွားခဲ့တယ်” လို့လည်း ဆိုပါတယ်။
ယူကေ က ဆန္ဒပြပွဲတွေကို စီစဉ်သူ တွမ်မီ ရောဘင်ဆင် ရဲ့ အမည်ရင်းဖြစ်သော စတီဖင်လန်နွန် ကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ “ကျနော်တို့ နိုင်ခဲ့ပါတယ်” လို့ရေးတင်ခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေကိုလည်း အိမ်ကို ဘေးကင်စွာပြန်နိုင်ကြပါပြီလို့လည်း ဆိုပါတယ်။
လန်ဒန်မှာ စနေနေ့က လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး လူထုစုဝေးပွဲမတိုင်ခင်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က နိုင်ငံခြားရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မှတ်ချက်ပေးသူတွေကို ပြည်ဝင်ခွင့် ပိတ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒေါင်းနင်းလမ်းအစိုးရ အဆိုအရ လူ ၁၁ ဦးကို “အများပြည်သူအတွက် အကျိုးမပြု”ဆိုတဲ့ ယူဆချက်နဲ့ နှင်ထုတ်မယ်လို့ သိရပါတယ်။
REF: RT
#News #MNP


No comments:
Post a Comment