
ကျောက်တလုံးကြီး ၊ မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၁၁) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ကျောက်တလုံးကြီးမြို့၊ ထာအုံကျောင်းတိုက်တွင် ယနေ့နံနက် ၉ နာရီက ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသည့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများက သာသနာသီချင်းနှင့် ပအိုဝ်းအာဇာနည်သီချင်းကိုသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး သင်တန်းတွင်ဆုရရှိသူများအား သာသနာဓမ္မာစရိယ၊ ဝိနယဓရဘွဲ့ရ ထာအုံကျောင်းတိုက် ဆရာတော် အရှင်ပညာဝရာအလင်္ကာရနှင့် သံဃာတော်များ၊ သင်တန်းနည်းပြဆရာများ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြကြောင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် အခမ်းအနားကို ဆက်လက်ကျင်းပကြကြောင်း သိရသည်။အဆိုပါသင်တန်းကို ကလေးသူငယ်များ ယဉ်ကျေးလိမ္မာမှုရှိစေရေးအတွက် ကျောက်တလုံးကြီးမြို့တွင် နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဒေသခံကျောင်းသား၊ ကျောင်းသူလူငယ်များ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment