ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုလုပ်ငန်းများအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုလုပ်ငန်းများအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်း


ကျိုင်းတုံ၊ မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော်များ ဦးဆောင်သော တောင်တန်းသာသနာပြုထောက်ပံ့ရေးအသင်းအား တောင်တန်းသာသနာပြု လုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းပွဲကို မေ ၁၆ ရက်က ကျိုင်းတုံမြို့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပသည်။

ဦးစွာ အလှူရှင် ဦးညွှန့်အောင်နှင့်မိသားစုက ကျိုင်းတုံမြို့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တောင်တန်းသာသနာပြု ထောက်ပံ့ရေးအသင်းအား တောင်တန်းသာသနာပြုလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက်  ငွေကျပ်သိန်း ၁၀၀ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အလှူရှင် ဦးညွန့်အောင်နှင့် မိသားစုက ကျိုင်းတုံမြို့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်ထံမှ အနုမောဒနာနှင့် ရေစက်ချတရားနာယူကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)