ရန်ကုန် ၊ မေ ၁၇
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား သည်။ ယင်းနောက် အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် South East Asian Bodybuilding and Physique Sports Federation(SEABPF) ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit နှင့် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် World Bodybuilding and Physique Sports Federation(WBPF) ဥက္ကဌ Mr. Datuk Paul Chua တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် World Bodybuilding and Physique Sports Federation(WBPF) ဥက္ကဋ္ဌ Mr. Datuk Paul Chua က WBPF ၏ ဂုဏ်ထူးဆောင်ဆု များကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြိုင်ပွဲဝင်နိုင်ငံများ၏ အသင်းများ စင်မြင့်ထက်မှ ပြန်လည်ထွက်ခွာပြီး အမျိုးသား ယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက Men’s Junior Bodybuilding under 21 yrs နှင့် Men’s Bodybuilding 55 kg ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၈)နိုင်ငံမှ အားကစားသမား ၁၁၀ဖြင့် မေ ၁၄ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment