သာပေါင်းမြို့နယ် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆) ပြုလုပ်



သာပေါင်း  ၊ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကိုကိုဇင် တက်ရောက်ပြီး ဒေသဖွံ့ဖြိုရေးလုပ်ငန်း၊နိုင်ငံ‌တော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ လွှတ်တော်ကိစ္စရပ်များ၊ ဌာနဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည်များဆောင်ရွက်ပေးမည်၊ အဆို(၁)ခု၊ မေးခွန်းများမေးမြန်းရန်အတွက် ကြိုတင်ပြင်ဆင်ထားပါကြောင်းပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က လုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ ယာဉ်စစ်၊ ဧည့်စစ်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရန်၊ စက်သုံးဆီကိစ္စရပ်များကြီးကြပ်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးအတွက်စက်သုံးဆီ အဆင်ပြေရေးညှိနှိုင်းဆောင်ရွက်ရန်၊ Drum Seeder များဖြန့်ဖြူးရန်နှင့်ကျန်ငွေများပေးသွင်းနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံ ချေးငွေ၊ တိုးငွေများ ပေးသွင်းရေးကြီးကြပ်ဆောင်ရွက်ရန်၊ ရက်(၁၀၀)စီမံချက်ဆောင်ရွက်ရမည့် လုပ်ငန်းများအချိန်မီပြီးစီး အောင်မြင်အောင်ဆောင်ရွက်ရန်၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဆောင်ရွက်ပြီးစီးမှု၊ တိုးမြှင့်ဆောင်ရွက်မှုအခြေအနေများတင်ပြရန်၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ရေး နှိုးဆော်ဆောင်ရွက်ရန်၊ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ နှိုးဆော်ဆောင်ရွက်ရန်၊ ကျောင်းအပ်နှံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် အထွေထွေလုပ်ငန်းကိစ္စရပ်များဆွေးနွေး ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ခဲ့သည်။

သိန်းမြင့်မျိုးဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)