မိုးညိုမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း အခမ်းအနား ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း အခမ်းအနား ပြုလုပ်

 


မိုးညို ၊  မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်ကအမှာစကားပြောကြားပြီး မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်တင်မာစိုးက တောင်သူလယ်သမားများ၏ ဝင်ငွေနှင့်လူမှုစီးပွားရေးဘဝတိုးတက်ရေးတို့ကိုရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိးစရိတ်များကို တိုးမြှင့်ထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က ကျေးရွာအုပ်စု(၂ )အုပ်စုမှ တောင်သူ ၁၂၃ ဦး၊ စိုက်ဧက ၉၁၆ ဧကအတွက် ချေးငွေ ၂၇၀,၂၅၀,၀၀၀ ကျပ်အား တောင်သူလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)