ဗီယင်နာ၊ မေ ၃၁
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် အာဆီယံသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် Diplomatic Society Magazine တို့ ပူးပေါင်းလျက် အာဆီယံယဉ်ကျေးမှုဧည့်ခံပွဲကို ၂၉-၅-၂၀၂၆ ရက်တွင် ဗီယင်နာမြို့ရှိ Grand Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် မြန်မာသံရုံး/အဖွဲ့ရုံးမှ ဝန်ထမ်းများနှင့်မိသားစုများ ပါဝင်ဆင်နွှဲခဲ့သည်။
ဧည့်ခံပွဲတွင် မြန်မာယဉ် ကျေးမှုပြခန်း၊ သင်္ကြန်အက၊ မြန်မာစားသောက်ဖွယ်ရာများဖြင့် တင်ဆက်၊ ကပြ၊ ကျွေးမွေးဧည့်ခံ ခဲ့သည်။
အဆိုပါဧည့်ခံပွဲတွင် မြန်မာအဖွဲ့ရုံးက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့သနပ်ခါး လိမ်းခြယ်သည့် ရိုးရာယဉ်ကျေးမှုကိုလည်း ထည့်သွင်းပြသခဲ့သည်။
#MNP #News





No comments:
Post a Comment