မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် အာဆီယံ-လန်ဒန်ကော်မတီနှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် အာဆီယံ-လန်ဒန်ကော်မတီနှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး



လန်ဒန်၊ မေ ၁၄

 မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN-London Committee - ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council – UKABC) တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သည်။

 ဆွေးနွေးပွဲကို အာဆီယံ-လန်ဒန်ကော်မတီ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Ms. Panha Tuot နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ ဥက္ကဌ Lord Vaizey တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် ‌ဗြိတိန်နိုင်ငံ တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အာဆီယံသံရုံး များနှင့် ဗြိတိန်စီးပွားရေးအဖွဲ့အစည်းများမှ  ဆွေးနွေးခဲ့ကြသည်။

မြန်မာသံရုံးယာယီတာဝန်ခံမှ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေများအရ စွမ်းအင် လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ပြောင်းလဲမှုသည် မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအတွက် ဦးစားပေးလုပ်ငန်းဖြစ်လာသဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွင် ဦးစားပေးသင့်ကြောင်း၊ မြန်မာပြည်သူ ကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားလိုကြောင်း၊ အာဆီယံ နိုင်ငံများရှိ ကုန်သည်ကြီးများအသင်းများနှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ တို့အကြား ထိတွေ့မှုများ မြှင့်တင်ဆောင်ရွက်ပါက နှစ်ဘက်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို ပိုမိုဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)