အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ (ASEAN U19 Boys' Bank Sumut Championship 2026) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ (Pre-match Press Conference) ကို ယနေ့(၃၁-၅-၂၀၂၆)တွင် ကျင်းပပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲသို့ မြန်မာယူ-၁၉ အသင်း နည်းပြချုပ် Mr. Ryuji Sueoka အပြင် အုပ်စုတွင်း ပြိုင်ဘက်အသင်းများဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် တီမောအသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြသည်။
မြန်မာယူ-၁၉ အသင်း နည်းပြချုပ် Mr. Ryuji Sueoka က "အခုလို ဒီကို ရောက်ရှိလာရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ အထူးသဖြင့် အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ပွဲဦးထွက် ကစားရမှာဖြစ်လို့ ပရိသတ်တွေ အများကြီး လာရောက်အားပေးကြမှာပါ။ အဲဒီအတွက် ကျွန်တော် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားနေပြီး ဒီအခွင့်အရေးကို မျှော်လင့်စောင့်စားနေပါတယ်။" ဟု ပြောကြားခဲ့သည်။
မြန်မာယူ-၁၉ အသင်းအနေဖြင့် ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇွန်လ ၁ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် စတင်ရင်ဆိုင် ကစားရမည်ဖြစ်သည်။
ဒုတိယအုပ်စုပွဲစဉ်အဖြစ် ဇွန်လ ၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၇ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် တီမောအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
#MNP #News



No comments:
Post a Comment