မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦးအား ထပ်မံဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦးအား ထပ်မံဖမ်းဆီးရမိ







နေပြည်တော်၊ မေ ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက် ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် မေ ၁၃ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါ သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မက်မန်းမြို့နယ်အတွင်းရှိသံလွင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်နေခြင်း မရှိစေရေး ဆက်လက် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၁၃ ရက် ညနေ ၅ နာရီခန့်တွင် မက်မန်းမြို့၏ အနောက် တောင်ဘက် မီတာ ၄၂၀၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်း လိမ်လည်လောင်း ကစားမှုများလုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၂၄၀ ပေ အနံ ၆၀ ပေရှိ အဆောက်အုံ ၁ လုံး၊ အလျား ၁၃၂ ပေ အနံ ၄၀ ပေရှိ လုပ်ငန်းသုံးအဆောင် ၁ လုံး၊ အလျား ၈၄ ပေ အနံ ၄၀ ပေရှိလုပ်ငန်းသုံးအဆောင် ၂ လုံး၊ အလျား ၇၀ ပေ အနံ ၂၅ ပေရှိ ရှင်းလင်းဆောင် ၁ လုံး၊ အလျား ၆၀ ပေ အနံ ၁၀ ပေ ရှိ လူနေဆောင် ၁ လုံး၊ အလျား ၆၀ ပေ အနံ ၂၀ ပေရှိလူနေဆောင် ၂ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေရှိ လူနေဆောင် ၁ လုံး၊ အလျား ၄၀ ပေ အနံ ၂၀ ပေရှိ လူနေဆောင် ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၀ ပေခန့်ရှိ ၃ ခန်းတွဲအိမ်သာ ၁ လုံး၊ မီးရှို့ဖျက်ဆီးထားသည့် ဒိုဇာ ၁ စီး၊ အလျား ၃၀ ပေ အနံ ၁၅ ပေခန့်ရှိ လူနေဆောင် ၁ လုံး၊ အလျား ၁၀၀ ပေ အနံ ၃၆ ပေရှိ လောင်းကစားရုံ ၂ လုံး၊ အလျား ၄၀ ပေ အနံ ၁၀ ပေရှိ အိမ်သာ ၁ လုံး၊ အလျား ၄၀ ပေ အနံ ၄၀ ပေရှိ စားချက်ဆောင် ၁ လုံး၊ အလျား ၄ ပေ အနံ ၃ ပေရှိ စားပွဲခုံ ၂၅၇ လုံး၊ ၄ ပေပတ်လည် သံစားပွဲခုံ ၂၆ လုံး၊ Outdoor Aircon ၁၀ လုံး၊ အလျား ၈ ပေခွဲ စားပွဲခုံ ၁ လုံး၊ ခုတင် ၁၇ လုံး၊ မွေ့ယာ ၄ လက်မ ၂၂ လုံး၊ Indoor Aircon ၅ လုံး၊ ရေခဲ သေတ္တာ (အသေး) ၆ လုံး၊ ရေခဲသေတ္တာအကြီး ၄ လုံး၊ ထမင်းပေါင်းအိုး ၆ လုံး၊ ရေခဲ သေတ္တာအရှည် ၈ လုံး၊ မီးစက်အကြီး ၂လုံး၊ မျက်စိစမ်းသပ်စက် ၁ လုံး၊ စားပွဲတင်ပန်ကာ အသေး ၆၃ လုံး၊ ဖဲခုံ ၅ ခုံ၊ မာကျောက် ၂ စုံ၊ ငါးပစ်ဂိမ်းခုံ ၄ ခုံ၊ ဘိလိယက်ခုံ ၃ ခုံ၊ စလော ဂိမ်းခုံ ၇ ခုံ၊ တံခါးသုံးပေါက်ပါ ရေခဲသေတ္တာ ၁ လုံး၊ ဂတ်စ်မီးဖို ၂ လုံး၊ ဂတ်စ်အိုး ၁၅ လုံး၊ ပန်ကာအရှည် ၃၈ လုံး၊ Power Station ၃ လုံး၊ သုံးထပ်သားပြား ၃၉၈ ချပ်၊ ဆန်အိတ် ၄၈ အိတ်နှင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ယနေ့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ နေရာတဝိုက် သံလွင်မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ရာ ယနေ့နံနက် ၁၀ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် မီတာ ၄၀၀၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ အနံ ၂၀ ပေရှိ လုပ်ငန်းသုံးတဲ ၁ လုံး၊ လူနေမိုးကာတဲ ၄ လုံး၊ နားနေဆောင်တဲ ၁ လုံး၊ မီးဖိုဆောင်တဲ ၁ လုံး၊ ဂတ်စ်အိုး ၂၂ လုံး၊ ရေခဲသေတ္တာ ၄ လုံး၊ ထမင်းပေါင်းသေတ္တာ ၁ လုံး၊ လက်ဆွဲမီးစက်အကြီး ၁ လုံးနှင့် DeskTop ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် မီတာ ၄၄၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁ ဦးနှင့် မက်မန်းမြို့၏ အနောက်တောင်ဘက်မီတာ ၄၄၅၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေ သည့် တရားမဝင် တရုတ်နိုင်ငံသား ၉ ဦး ၊ စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦး တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကို လည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်း လိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံ သားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက် ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)