ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


နေပြည်တော်၊ မေ ၂

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီး ဘဝသံသရာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာ့မီးရထား၏ (၁၄၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြား‌ရေးမှူးက ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများသည် တက်ရောက်လာကြသူများနှင့်အတူ (၁၄၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က မြန်မာ့မီးရထား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း မီးရထားတိုင်း နယ်မြေ၊ စက်ရုံ၊ ဆေးရုံများအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆုများ၊ တစ်နှစ်တာကာလအတွင်း မိမိ၏လုပ်ငန်းတာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်း ၉၁ ဦးတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)