မနူဟာဘုရားကြီး စိန်ဖူးတော်ထီးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မနူဟာဘုရားကြီး စိန်ဖူးတော်ထီးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်




ညောင်ဦး၊ မေ ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သထုံပြည့်ရှင် မနူဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မနူဟာဘုရားကြီး စိန်ဖူးတော်ထီးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၈ ရက် နံနက် ၁၀ နာရီက မနူဟာဘုရား ဂေါပကရုံးခန်းတွင် ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ဖူးမြော်ကြည်ညိုကြည့်ရှုစစ်ဆေးပြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်နိုင်ရေးနှင့် ရွှေပြည့်အောင်ပွဲကျင်းပနိုင်ရေး  ပြောကြားသည်။ ထို့နောက် သံဃာတော်(၁၀၈)ပါး ပင့်ဖိတ်ရေးနှင့်ဆွမ်းကပ်လှူရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ရွှေပြည့်အောင်ပွဲလာ ရပ်နီးရပ်ဝေး ဧည့်သည်များ ဧည့်ခံကျွေးမွေးရေးတို့အား ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစံထွေးမောင်က ရှင်းလင်းတင်ပြီး ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က စိန်ဖူးတော်၊ ထီးတော်နှင့်ငှက်မြတ်နားတော်တို့အား မြို့တွင်းလှည့်လည်အပူဇော်ခံနိုင်ရေးတို့အား ရှင်းလင်းတင်ပြပြီး ရွှေပြည့်အောင်ပွဲစည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


ဒီပါလင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)