ကျိုက်ထိုမြို့နယ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်းအနားကျင်းပ




ကျိုက်ထို၊ မေ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြိုနယ်တွင်ပြည်တွင်းအခွန်များဦးစီးဌာနမှ ရွှေစင်၊ ရွှေတုံးများ (စံချိန်မီရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီက ရွှေဆိုင်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းမစတင်မီ လုပ်ငန်းလုပ်ကိုင်ကြောင်း အနည်းဆုံးတစ်လကြိုတင်ပြီး လုပ်ငန်းလိုင်စင်လျှောက်ထားရန်၊ နှစ်စဉ် ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် ပြဌာန်းထားသည့် နှုန်းထားအတိုင်း ကျသင့်ကုန်သည်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်များကို ပေးဆောင်ရန်၊(၃)လတစ်ကြိမ် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာနှင့် နှစ်ချုပ်ကြေညာလွှာကိုလည်းအချိန်မီတင်သွင်းရန်၊ အခွန်အမှတ်တံဆိပ်များကို မှန်မှန်ကန်ကန် ကပ်နှိပ်ရောင်းချရန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို သိမ်ဇရပ်မြို့နှင့် ကျိုက်ထိုမြို့နယ်မှ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)