ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး





ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်မှ လာရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနအလိုက်သင်ကြားမှု ဆရာ/ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ယဉ်ကျေးမှုတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုကို နေ့လည်(၁၁:၄၅)အချိန်ခန့်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်  စွယ်တော်ဆောင် အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနုပညာဆိုင်ရာ စာသင်ကြားပို့ချမှုအခြေအနေများ၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ခေတ်မီနည်းပညာများ အသုံးပြုနိုင်မှု၊ အနုပညာဘာသာရပ်များအလိုက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကျောင်းဆောင်အဆောက်အဦးများ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ကိစ္စရပ်များနှင့် ကျောင်းဆောင်အသစ် တိုးချဲ့ ဆောက်လုပ်နိုင်ရေး စသည့်လိုအပ်ချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် သရဖီဆောင်အနုပညာခန်းမ၌ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဆရာ/ဆရာမကြီးများ နှင့်အတူ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ (၇၀) ဦးခန့်တို့နှင့် တွေ့ဆုံ၍ မိတ်ဆက်စကား ပြောကြားကာ ခေတ်နှင့်အညီ ခေတ်မီ နည်းပညာများဖြင့် အနုပညာဘာသာရပ်အလိုက် သင်ကြားဆောင်ရွက်နိုင်စေရေး၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစေရေး၊ ကျောင်းတွင်းလိုအပ်ချက်များနှင့် သင်ကြားရေးဆိုင်ရာ အခက်အခဲများ မဖြစ်ပေါ်စေရေးစသည့် ကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ကာ မိတ်ဆက်တွေ့ ဆုံပွဲပြီးဆုံးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် တာဝန်ရှိသူများမှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းဝင်းအတွင်း စာသင်ဆောင်၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)