ကျိုင်းတောင်း၊ မေ ၈
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ (၁၄၉၀)ကြိမ်၊ ရှမ်းတောင်မြို့နယ် ပေါင်းစုံဓမ္မစကူးလ်ကော်မတီ(၄၅)ကြိမ် ကျိုင်းတောင်းမြို့နယ် ဓမ္မစကူးလ်ကော်မတီ(ပထမ) အကြိမ် မူလတန်းအဆင့် ဓမ္မစကူလ်းဆရာအဖြစ်သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီ၌ ကျိုင်းတောင်မြို့ မွေတော်မြို့နံစေတီဘုရားဝန်းအတွင်း ဓမ္မာရုံတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းကို ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ ခွင့်ပြုချက်ဖြင့် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဖွှင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ရှမ်းတောင်းမြို့နယ် ပေါင်းစုံဓမ္မစကူးလ်ဖောင်ဒေးရှင်မှ သင်တန်းဖွှင့်လှစ်နိုင်စေရန် အလှူငွေ သိန်း ၂၀ အား ဖြည့်လှူတန်းပေးခဲ့ကြောင်း သိရပါသည်။ ကျိုင်းတောင်းမြို့၌ ဓမ္မစကူးလ်ဖောင်ဒေးရှင်းပေါ်ပေါက်လာကာ ဓမစကူးလ်သင်တန်းများဖြစ်လှစ်နိုင်ပြီး ကျိုင်းတောင်းမြို့ရှိ ကလေးငယ်များအား ကိုယ်၊ စိတ်၊ နှလုံး ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်စေရန်ရည်ရွယ်၍ ဓမ္မစကုးလ်ဆရာအဖြစ်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါသင်တန်းကို ကျိုင်းတောင်းမြို့၌ ၇ ရက်ဖွင့်လှစ်သင်ကြာမည်ဖြစ်ပြီး ဆရာ၊ဆရာမများနှင့် ဓမ္မစကူးလ်ဆရာဖြစ်ရန် ပညာရည်အချင်းပြည့်မှီသူများ၊ လာရောက်လေ့လာသင်ယူသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
ကိုကို
#MNP #News


No comments:
Post a Comment