တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေဌားဂရမ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေဌားဂရမ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်



တွံတေး  ၊ မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေဌားဂရန် ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြသည်။ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်လုပ်ငန်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦး ခိုင်ကြည်သာလှ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ၊မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးမောင်ကျော်၊ သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူးတို့မှ ကျေးရွာမြေဌားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းအပေါ် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ မြေပြင်ကွင်းဆင်းကြည့်ရှု၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)