မေ - ၂ ( စနေနေ့ )
အီရန်နဲ့ စစ်ပွဲကြောင့် အမေရိကန်လက်နက်တိုက်တွေမှာ လက်နက်တွေ လျော့နည်လာတာဖြစ်လို့ အမေရိကန် မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ ယူကေ၊ ပိုလန်၊ လစ်သူယေးနီးယားနှင့် အက်စ်တိုးနီးယား အပါအဝင် ဥရောပနိုင်ငံအများအပြားမှာရှိတဲ့ အမေရိကန်လုပ် လက်နက်များအား ယူကရိန်းကို တင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာနိုင်ကြောင်း ဖနန်ရှယ်တိုင်းမ် သတင်းဌာနက သောကြာနေ့ ညနေမှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်စစ်ပွဲမှာ အကူအညီမရတဲ့ နေတိုးအဖွဲ့ကို ဝေဖန်မှုမြင့်တက်နေချိန်မှာ အခုလိုသတင်းတွေ ထွက်ပေါ်လာတာပါ။ ယူကေ၊ ပိုလန်နှင့် ဘောလ်တစ်နိုင်ငံများ ရုရှားနှင့် ပဋိပက္ခတွင် ယူကရိန်းကို ထောက်ခံအားပေးမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် အမေရိကန်က ဒေါ်လာ ၂၅ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း ပင်တဂွန် အကြီးတန်းအရာရှိတစ်ဦးရဲ့အပြောကို မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အမေရိကန်တွေက လက်နက်များ၊ ဗုံးများ၊ ခရုစ်ဒုံးကျည်များနှင့် ကြားဖြတ်ကိရိယာတွေကို စစ်ပွဲထဲမှာ သုံးခဲ့ပါတယ်။
ဂျာမနီအဓိပတိ နဲ့ စပိန်ဝန်ကြီးချုပ် အပါအဝင် ဥရောပခေါင်းဆောင်များက အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ကို ပြစ်တင်ဝေဖန်ပြီး ဟောမုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အကူအညီပေးဖို့ အမေရိကန်ဖက်ကတောင်းဆိုမှုကိုလည်း ငြင်းဆိုခဲ့ပါတယ်။
ထရမ့်က ဖလော်ရီဒါပြည်နယ် သည်ဗေ့လစ်ချ် တွင် သောကြာနေ့က မိန့်ခွန်းပြောကြားရာ၌ "နေတိုးဆီက အကူအညီ လုံးဝ မရဘူး။ နေတိုးအတွက် ကျနော်တို့က ဒေါ်လာ ထရီလီယံနဲ့ချီပြီး သုံးစွဲခဲ့တယ်၊ ကျနော်တို့မှာ သူတို့ဆီက အကူအညီ မရဘူး။ ကျနော်တို့ နေတိုးကို မလိုချင်တော့ဘူး။ သူတို့မရှိလည်း ကျနော်တို့ဖာသာ လုပ်လို့ရပါတယ်” လို့ပြောသွားပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment