မေ - ၂ ( စနေနေ့ )
ဥရောပသမဂ္ဂ ( အီးယူ) သည် မနှစ်က နွေရာသီမှာ ကုန်သွယ်ရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီးယူလုပ် ကားများနှင့် ထရပ်ကားများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အီးယူလွှတ်တော်အမတ်များက အပြည့်အဝအတည်ပြုခြင်းမရှိသေးပါဘူး။
အဲ့ဒိကြေညာချက်က မော်တော်ယာဉ်လုပ်ငန်းတွင် လက်ရှိ ကောက်ခံမှု ၁၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်ပါတယ် ။ အဆိုပါ ဆုံးဖြတ်ချက်ကို ကြေငြာရာတွင် ထရမ့်က ဥရောပ ကားထုတ်လုပ်သူများ အနေဖြင့် ၎င်းတို့ရဲ့ ထုတ်လုပ်မှုကို အမေရိကန်သို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့ပြီး ပြောင်းရွှေ့ထုတ်တဲ့ ကားတွေကို အခွန်တိုးမကောက်ဘူးလို့ ဆိုပါတယ်။
"ဥရောပသမဂ္ဂသည် ကျနော်တို့ရဲ့ ကုန်သွယ်မှုသဘောတူညီချက်ကို အပြည့်အဝသဘောတူထားသည့်အချက်ကို လိုက်နာခြင်းမရှိသည့်အတွက်ကြောင့် ကျနော်က လာမည့်သီတင်းပတ်တွင် အမေရိကန်သို့ ရောက်ရှိလာမယ့် ကားနှင့်ထရပ်ကားများအတွက် ဥရောပသမဂ္ဂထံ အခွန်စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပါတယ်။ အခွန်နှုန်းထားက ၂၅% အထိ တိုးမြှင့်သွားမှာပါ"လို့ ထရမ့်က သူ့ရဲ့ထရုသ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
အမေရိကန်နှင့် အီးယူကြား သဘောတူညီချက်က ပြီးခဲ့တဲ့ ဇူလိုင်လက ကုန်သွယ်ရေးစစ်ပွဲအပြီးတွင် သဘောတူညီခဲ့ပေမဲ့ အီးယူရဲ့ ဗျူရိုကရေစီ ဘောင်အတွင်းမှ ရှေ့တိုးမရဖြစ်နေခဲ့ပါတယ်။ အီးယူပါလီမန်သည် မတ်လကုန်တွင် သဘောတူညီချက်ကို ရှေ့တိုးရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပါတယ်။ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ရန် ဥပဒေပြုလွှတ်တော်တွင်သာမက EU ကော်မရှင်နှင့် EU ခေါင်းဆောင်များ၏ ကောင်စီတို့မှလည်း အတည်ပြုရမှာဖြစ်ပါတယ်။
ထရန့်၏ ကြေညာချက်ကြောင့် အီးယူပါလီမန် နိုင်ငံတကာကုန်သွယ်မှုကော်မတီ အကြီးအကဲ ဘာနက်လန်ဂျ် က အမေရိကန်အစိုးရက မယုံကြည်ရကြောင်း ပြောပြီး အီးယူအနေနဲ့ ပြန်ပြီး လက်တုံ့ပြန်မယ်လို့ ပြောသွားပါတယ်။
“ဒါက ရင်းနှီးတဲ့ မိတ်ဖက်တွေကို ဆက်ဆံဖို့ နည်းလမ်းတော့ မဟုတ်ပါဘူး။ အခု ကျနော်တို့ရဲ့ ရပ်တည်ချက် ခိုင်မာမှုကို အပြည့်အ၀ ရှင်းလင်းပြတ်သားစွာနဲ့ တုံ့ပြန်နိုင်မှာပါ”လို့ ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment