ရန်ကုန် ၊ မေ ၂
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာများ၌ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၂)နှစ်အောက် ကလေးငယ်များအား ဆေးထိုးစုရပ်များထားရှိကာ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင် ဆုံဆို့နာ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုကို ရပ်ကွက်၊ ကျေးရွာများရှိ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့လျက်ရှိကြောင်းသိရသည်။
ဖြိုးသီဟ (သန်လျင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment