မဟာမြတ်မုနိကျောင်းတော်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာမြတ်မုနိကျောင်းတော်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ



မိုင်းယောင်း   ၊မေ   ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ ကျက်သရေဆောင် မြို့ဦးစေတီ ပရဝုဏ်အတွင်း၌ မဟာမြတ်မုနိရုပ်ပွားတော်ကြီးတည်ထားပူဇော်နိုင်ရန် ပြဿဒ်တန်ဆောင်းကျောင်းတော်ကြီးပန္နက်တော်တင်၊ တွင်းတော်ဝန်း၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ မြို့နယ်သံဃနာယ ကအဖွဲ့ဝင် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဋိလထံမှ ကိုးပါးသီလခံယူဆောက်တည်၍ အနုမောဓနာတရားနားကြားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ကျောက်ခဲ၊ ပရိတ်ချည်နှင့် ပန္နက်တံများ ကပ်လှူခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး သတ်မှတ်ထားသည့် မြေနေရာသို့ သွားရောက်ကာ ပန္နက်တော်တင်၊ တွင်းတော်ဝန်း၊ အုတ်မြစ်တော်စီမင်္ဂလာကိုကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောနှင့် ဆရာတော်၊ သံဃာတော်များ၊ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြသည်။

စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)