မြေပဒေသာဥယျာဉ်ခြံ၌ မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေပဒေသာဥယျာဉ်ခြံ၌ မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ကျင်းပ


ရန်ကုန်၊ မေ ၂၀

“မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆” ဖွင့်ပွဲကို ယမန်နေ့က ဗဟန်းမြို့နယ် မြေပဒေသာဥယျာဉ်ခြံ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ စီးပွားရေးသံမှူးများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အရည်အသွေး၊ အနံ့အရသာနှင့် အထွက်နှုန်းကောင်းသော ဈေးကွက်ဝင် မြန်မာ့ဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်ရန်နှင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ဒူးရင်းအသင်းခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးထုတ်လုပ်သူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ သုတေသနပညာရှင်များ၊ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်သောလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သည့် ကွန်ရက်တစ်ခုဖော်ဆောင်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒူးရင်းသီးနှံပြခန်းများကို ကြည့်ရှုအားပေးပြီး အရည်အသွေး အနံ့အရသာနှင့် အထွက်နှုန်းကောင်းသော ဈေးကွက်ဝင် ဒူးရင်းမျိုးများကို ရွေးချယ်အကဲဖြတ်အမှတ်ပေးကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)